🐣8🐣

5.7K 552 76
                                    

🍀ငယ်​သူမို့မသိပါ🍀
🍃HunHan🍃

Hannieဒီ​နေ့အရမ်းစိတ်​လှုပ်​ရှား​နေတယ်​.
Hannie​ကျောင်းစတက်​ရက်​ရမဲ့​နေ့..

တက္ကသိုလ်​ဆိုတာ ဘယ်​လို​နေရာကြီးလဲ?
ဘာ​တွေရှိလဲ?သူငယ်​ချင်းအသစ်​​တွေက ဘယ်​လိုရှိလဲ?အားလုံး အားလုံးဘဲ သိချင်​မိတယ်​..

ဦးဆယ်​က​တော့​ပြောတယ်​ တက္ကသိုလ်​ဆိုတာ.လူ​ပေါင်းစုံကျင်​လည်​တဲ့​နေရာတဲ့.
ကောင်းတဲ့သူ​တွေ​ကော.ဆိုးတဲ့သူ​တွေ​ရော.
ဖြူတာ​တွေ​ကော မဲတာ​တွေ​ကော ကာလာစုံဘဲတဲ့​လေ.. 

တက္ကသိုလ်​​ရောက်​ရင်​ ​ကောင်​မ​လေး​တွေ​ချော​ချော​လေး​တွေလဲရှိမှာ​ပေါ့. Hannieတို့ရွာက Wendyတို့ Joyတို့​လောက်​လှပါ့မလား?Wendyနဲ့Joyထက်​ လှရင်​​တော့ Hannieက​တော့ ​ကြွေမှာဘဲ.. ဘာလို့ဆို Wendyနဲ့Joyက Hannieတို့ရွာမှာအလှဆုံး​တွေမို့​လေ..

"Hannie​လေး​ရေ ပီးပီလား?​အောက်​ဆင်းခဲ့​တော့"

"Nae noona"

အခန်းပြင်​က noona​အော်​သံ​ကြောင့်​ အင်္ကျီလဲရင်းစဉ်းစား​နေရာမှ မြန်​မြန်​ပြင်​ဆင်​ရသည်​။
Baek ommaနဲ့Xiu noonaတို့ဝယ်​​ပေးတဲ့အင်္ကျီ​တွေက အရမ်းမိုက်​သည်​။

ကျောပိုးအိတ်​​လေးကို​ကောက်​လွယ်​ပြီး တခါမှန်​ထဲပြန်ုကြည့်​လိုက်​ပြန်​သည်​။မှိုပွင့်​လို ဆံပင်​ခပ်​အုပ်​အုပ်​အ​ကောက်​က​လေးနဲ့Hannieက အရမ်း​ချော​မော​နေ​လေသည်​။

မှန်​တင်​ခုံ​ဘေးက ချိတ်​တန်းကိုလှမ်းကြည့်​လိုက်​သည်​။ချိတ်​တန်းမှာ ချိတ်​ထားသည့်​ Vပုံသဏ္ဍန်​အက္ခရာနဲ့အတူ ​ရှေ့လျာမှာသံကွင်း​လေး၂ကွင်းတပ်​ထားသည့်​ဦးထုပ်​သုံးလုံး.. အဖြူ​ရောင်​.အသား​ရောင်​နဲ့ အနက်​​ရောင်​သုံးလုံး.. အဲ့ဦးထုပ်​၃လုံးက ဦးဆယ်​၀ယ်​​ပေးထားတာ​လေ. ကြုံတုန်း​လေးကြွားတာပါ..

"​ဆောင်းသွားရမလား?"

စဉ်းစားပီးမှ မ​ဆောင်းဖြစ်​​တော့..ဆံပင်​​ကေပျက်​မှာစိုးလို့ပါ..

အောက်​ထပ်​ဆင်းခဲ့​တော့ လိုက်​ပို့​ပေးမဲ့ဦးဆယ်​က ခုံမှာထိုင်​​စောင့်​​နေသည်​။

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now