သူ့စိတ်ထဲ ဘုန်းစစ်သွေးခေါ်သည်ထင်၍ အော်ငေါက်မိခြင်းဖြစ်သည်။ မျက်နှာတစ်ပြင်လုံးလည်း ခရမ်းချဉ်သီးပမာ နီရဲနေပြီး လက်သီးကိုဆုပ်ထားမိသည်။

အား....ရှက်လိုက်တာ...

.........................................

"The brave boy ရဲ့ နာမည်အရင်းကဘာလဲ.."

စာအုပ်ကိုကိုင်ကာ ခြေချိတ်ထိုင်နေသော ဇေယျာဟိန်းထက် သူ့အရှေ့မှ မင်းခန့်မောင်ကို မေးလိုက်သည်။

"ဗျာ.. ဟို.."

"မဖတ်ထားဘူးလား... သေချာပြန်ဖတ်ထားလို့ မှာခဲ့တယ်လေ..."

"ဖတ်တော့ ဖတ်ထားပါတယ်.. ရုတ်တရက်ကြီးဆိုတော့....."

မင်းခန့်မောင် ခေါင်းကုတ်ရင်း ဟိုကြည့် သည်ကြည့် လှည့်ပတ်ကြည့်ကာ ဇေယျာဟိန်းထက်အကြည့်များကို ရှောင်လွှဲနေသည်။

ဝုန်းကနဲ ချလိုက်သော စားပွဲပေါ်မှ စာအုပ်သံကြောင့် မင်းခန့် ပုခုံးများတွန့်ကာ ခါးမတ်သွားသည်။

"Jim Hawkins  လေ.."

စိတ်မရှည်သော လေသံကြောင့် မင်းခန့် နည်းနည်းလန့်သွားသည်။

"ဘာလို့ စာကို စိတ်မဝင်စားရတာလဲ မင်းခန့်မောင်.."

"သင်ပြီးသားစာတွေကို ပြန်သင်နေရတာ ဘယ်သူက စိတ်ဝင်စားမှာလဲဗျာ..."

လွှတ်ကနဲ ထွက်သွားသောစကားကြောင့် ဇေယျာဟိန်းထက် အံ့သြသွားသော်လည်း မျက်နှာပြန်ပြင်ကာ မေးလိုက်သည်။

"ဘာပြောလိုက်တယ်..."

"ဘာ...ဘာ...ဘာမှမဟုတ်ပါဘူး... ဟို.. ဟိုတစ်နေ့က.. သင်ပြီးသားစာဆိုတော့လေ... အဲ့ဒါကိုပြောတာပါ.."

ကြောက်အားလန့်အားဖြင့် အသံများပင် တုန်ယင်နေသည်။

မင်းခန့်မမြင်အောင် ဇေယျာဟိန်းထက် အပြုံးတစ်ပွင့် နှုတ်ခမ်းထက်ပေါ်လာသည်။

မင်းလိုသာဆို ငါလည်းသင်ပြီးသားစာတွေကို ပြန်သင်နေရတာပဲ မင်းခန့်..

....................................

နဖူးပေါ် သပ်တင်ထားသောဆံပင်များကို လက်ချောင်းများကြားထည့်ကာ ဖွလိုက်ရင်း ဇွဲခန့်ခအောင် စိတ်ပျက်လက်ပျက်ထိုင်ချလိုက်သည်။

Past and Future Where stories live. Discover now