ရုပ်ဆိုးထိပ်ပြောင်

Start from the beginning
                                    

"သြော်" /ကောလိုဘဲအာဏာတော့ရှိမှာပေါ့/

"ဒါပေမယ့်.."   "အင်းပြော"   "ဟိုဟာ မိန်း မိန်းမလိုက်စားပါတယ်တဲ့"

"ဟမ်"

"ကိုယ်လုပ်တော်ငါးဆယ်နဲ့အထက်ရှိပါတယ်တဲ့ ညတိုင်းအပျော်နန်းပြင်ကိုခိုးထွက်ပါတယ်တဲ့

စစ်တိုက်ရင်သူစိတ်ဝင်စားတဲ့ပွဲကိုမှတိုက်ပါတယ်တဲ့ တိုင်းပြည်ရေးမှာစိတ်မဝင်စားပါဘူးတဲ့

ခုမင်္ဂလာပွဲက ယခင်ကမင်းသမီးလေးတို့ဖခင်ချင်းကတိပြုထားတဲ့ သမီးမင်းသမီး သားမင်းသားလက်ဆက်မယ့်ကတိကြောင့်ပါတဲ့

မင်းသမီးလေးအသက်၁၅နှစ်ပြည့်အောင်စောင့်နေကြတာပါတဲ့"

၁၅နှစ်?? ခု၁၆နှစ်ပြည့်တာဆိုတော့ ငါတစ်ယောက်တည်းမှမဟုတ်ဘဲ လန်လန်လဲရတာဘဲဟားသေချာပြီ ဒါဘယ်သူ့လက်ချက်ဆိုတာ ငါသိသွားပြီအယုတ်တမာမ

"တော် တော်ပြီ ရပြီဒီလောက်ဆို ဆိုလိုတာသူ့အသက်က..?"

".."

"မေးနေတယ်လေ" ချောင်အာမေးတာကိုမဖြေဘဲ ချိုင်ယွဲ့တစ်ယောက်ဘေးကအစေခံနဲ့တံတောင်ချင်းတိုက်နေကြတယ်

"ဖြေလေ!!" "နှစ် နှစ်ဆယ့်လေးပါ"

၂၄?? ဟား ငါလေးသေလို့ရပြီ အရင်ဘဝကSugar daddyကိုအားကျမိတာတွေနဲ့စုပြီးဝဠ်လည်လေသလား

"စဉ်းစားကြည့်ကြပါဦး အရပ်ကတို့ရေ ကျွန်မလို၁၆နှစ် နုနုထွတ်ထွတ်လေးက ကိုယ့်ထက်အသက်၁၀နှစ်လောက်ကြီးတဲ့လူကြီး

ဝဝဖိုင့်ဖိုင့်အဆီပိတ်နေတဲ့ ထိပ်ပြောင်အသားမဲတဏှာရူးကြီးနဲ့လက်ထပ်ရမယ်တဲ့ ကြားလို့မှကောင်းကြသေးရဲ့လားဗြဲ😭"

ချိုင်ယွဲ့နဲ့တကွ အစေခံတွေ သူတိုမင်းသမီးလေးပြောတာကိုပုံဖော်ကြည့်မှ အမလေး ဆိုးလိုက်တဲ့ရုပ်ကြီး

•••••••••

#936words အလွမ်းပြေ

ည၂နာရီတွင်စိတ်ကူးပေါက်သည်နှင့် ph battery4%နှင့် တင်သွားသည် ဘယ်သူချိလဲ Mayတစ်ယောက်ဘဲမအိပ်သေးတာနေမှာပါ😂

ပစ်ထားမိသွားလားချစ်တို့ ဆားဒါးငဲ

ဝေဖန်နိုင်ပါ၏❤

ချစ်သောမိဖုရား(My dear Empress)Where stories live. Discover now