"Hahaha မင်းအဖြစ်ကတကယ်ရယ်ရတယ် မင်းခန့်.."

"မင်းသေချင်နေပြီလား ဇွဲ.."

ဗိုက်ကိုဖိကာမရပ်တမ်းရယ်နေသော ဇွဲကို မင်းခန့် မျက်စောင်းထိုးကာ လက်သီးဖြင့် ရွယ်မိသည်။

"စတာပါ မင်းခန့်ရာ.. ငါလည်းမင်းနဲ့ထပ်တူ စိတ်ညစ်ရတာပါပဲ.."

"........."

** *** **

အနီရင့်ရောင်လက်ကိုင်တန်းများကို အရက်သမားတစ်ယောက်လို ကိုင်ရင်း နှေးကွေးသော ခြေလှမ်းများဖြင့် ဟောင်းနွမ်းသောလှေကားပေါ်သို့ မင်းခန့် တက်လာသည်။

မင်းခန့်နှင့်ဆန့်ကျင်ဘက်အရပ်မှ ဆင်းလာနေသော သွက်လက်ဖျက်လက်သည့် ကောင်မလေးသည် ဂါဝန် ပန်းရောင်လေးဖြင့် ပုခုံးလောက်ရှိသော ဆံနွယ်များကို ဖဲပြားအမည်းရောင်နှင့် ချစ်ဖို့ကောင်းစွာချည်နှောင်ထားသည်။

လက်ထဲတွင်လည်းလက်ဆောင်ဗူးလေးအား ကိုင်ကာ မင်းခန့်အား ကြည့်ရင်း ထရယ်လိုက်သည်။

"နင့်ရုပ်ကလည်းဟယ်.... ဘာဖြစ်လာတာလဲ....ဆပ်ပြာသည်လင်ပျောက်တဲ့ရုပ်နဲ့...."

မင်းခန့်မော့ကြည့်မိသည်။ လှေကားအပေါ်မှသူ့ဆီ ဆင်းလာနေသောထိုကောင်မလေးသည် သူအလွန်ချစ်ရပါသော မိုးမခဖြစ်နေလိမ့်မည်ဟု မထင်ခဲ့။

"မိုးမခ...."

မင်းခန့်မျက်စံများသည် မိုးမခစီးထားသောဒေါက်ဖိနပ်ပေါ်ပြုတ်ထွက်ကျတော့မည့်အလား မိုးမခအား ကြည့်နေသည်။

"ဘာလဲ.. ငါအရမ်းလှနေလို့လား...ခ်ခ်.."

ရယ်မောကာပြောနေသော နှင်းဆီရောင် နှုတ်ခမ်းဖူးများသည် တစ်ခါက မင်းခန့် တပ်မက်စွာ နမ်းခဲ့သော နှုတ်ခမ်းများပင်။

ဖွေးဥနေသော လက်သွယ်များသည် တစ်ခါက မင်းခန့် တင်းကြပ်စွာ ကိုင်ခဲ့သော လက်များပင်။

သေးသိမ်နေသော ခါးလေးများသည် တစ်ခါက မင်းခန့် တယုတယဖက်ထားခဲ့သော ခါးသွယ်များပင်။

ထူးဆန်းစွာ မျက်တောင်မခတ်ကြည့်နေရင်းက မင်းခန့် အသိပြန်ဝင်လာသည်။ တက္ကသိုလ်တက်မှသာ စတွေ့သည်ဟုထင်ခဲ့သော ထိုကောင်မလေးသည် သူနဲ့တစ်တိုက်တည်း နေသော အိမ်နီးချင်းသူငယ်ချင်း ဖြစ်နေသည်ဆိုသော အမှန်တရားကို မင်းခန့် နားလည်သဘောပေါက်သွားရသည်။

Past and Future Where stories live. Discover now