ခွေခွေလေးအိပ်နေသူရှင်းသန့်မှာစောင်ကိုမေးစေ့နားထိခြုံထားသောကြောင့်ဖြူဖွေးနေသည့်မျက်နှာလေးမှာပို၍ပေါ်လွင်နေသည်။

နှုတ်ခမ်းဖူးဖူးလေးတွင်နီရဲသောသွေးအားကောင်းသည့်လက္ခဏာမှာလည်းထင်ရှားနေသည်။

မဆင်းသော်လည်းပြေပြစ်သည့်နှာတံကြောင့်မျက်နှာတစ်ပြင်လုံးတွင်ပြောစရာမရှိပြီးပြည့်စုံနေသည်။

မျက်ခုံးပါးပါးနှင့်နဖူးပေါ်ဝဲကျနေသည့်ဆံနွယ်အချို့မှာမညီမညာဖြစ်နေသောကြောင့်ပို၍ချစ်ဖို့ကောင်းနေသလိုပင်ဖြစ်နေသည်။

ခြားနေသော 2cm အကွာကိုဂရုမမူပဲဘုန်းစစ်တစ်ဖြည်းဖြည်းရှင်းသန့်နားတိုးလာသည်။

ရှင်းသန့်နိုးမလာအောင်ဖြည်းဖြည်းချင်းအနားသို့တိုးကာဖက်လိုက်သည်။

စောနကလိုနွေးထွေးသောခံစားချက်ကိုသူချက်ချင်းရလိုက်သည်။

အိပ်ရာခင်း၏နွေးထွေးမှုထက်ရှင်းသန့်ကိုယ်လေးကိုဖက်လိုက်ရသည့်နွေးထွေးမှုသည်ဘာနှင့်မှမတူခြားနားလွန်းလှသည်။

Unique ဖြစ်လွန်းသောရှင်းသန့်၏အမူအရာလေးများ၊အပြောအဆို၊အနေအထိုင်၊ဆတ်ဆတ်ထိမခံပြန်ပြန်ပြောတတ်သည့်ဆူပုတ်ပုတ်အကျင့်လေးများသည်ယခုလိုဖက်ထားချိန်တွင်ရှင်းသန့်နှင့်မတူလောက်အောင်နွေးထွေးမှုကိုပေးသည်။

တခြားယောကျင်္ားလေးများနှင့်မတူစာအုပ်ကြီးသဖွယ်တိကျလွန်းလှသည့်သူ၏အကျင့်မှာလည်းချစ်ဖို့ကောင်းနေပြန်သည်။

အထူးသဖြင့်ဘုန်းစစ်ရှေ့တွင်ဆိုလျင်ပို၍တင်းမာစွာနေတတ်သည့်ရှင်းသန့်၏မျက်နှာကြောသည်ဘုန်းစစ်အဖို့တော့အသည်းယားစရာကောင်းလွန်းလှသည်။

Senior နှင့်မတူနုဖတ်ကာမျက်မှန်ဝိုင်းလေးနှင့်ကလေးသဖွယ်ချစ်ဖို့ကောင်းနေသည်မှာတစ်ခါတစ်ခါဘုန်းစစ်အဖို့ဟာသသဖွယ်ဖြစ်မိပြန်သည်။

ရှင်းသန့်အကြောင်းခေါင်းအစခြေအဆုံးစဉ်းစားရင်းဖိုးလမင်းကြီးထက်ပြုံးရွှင်ကာဘုန်းစစ်အိပ်ပျော်သွားသည်။

Past and Future Where stories live. Discover now