ထို့နောက်ဘုန်းစစ်နှင့်သွန်းတို့ထလာကြပြီးသွန်းကရှင်းသန့်တို့ဝိုင်းနားလာကာ-

"ကိုငယ်..စားပြီးပြီလား? ပြီးရင်ကားပေါ်တက်ကြမယ်လေ.."

"Omm..."

ထိုသို့ပြောပြီးဘုန်းစစ်လက်အားဆွဲကာ သွန်းနှင့်အတူကားပေါ်တက်သွားသည်။

ရှင်းသန့်ခေါင်းလည်ပြန်သည်အထိဘုန်းစစ်တို့ကားပေါ်တက်သည်ကိုငေးနေမိသည်။

"ဟျောင့်! ရှင်းသန့်! မင်းကဘာလဲ?မင်းညီမကိုစိတ်မချဖြစ်နေတာလား..!?"

"Hahaha ညီမလေးတစ်ယောက်တည်းရှိတော့လည်းသူ့မှာစိုးရိမ်တာပေါ့ကွာ.."

"အဲ့လိုမဟုတ်ပါဘူး.."

"အဲ့ဒါဆိုဘာလဲ? မင်းကမင်းညီမကိုမကြည့်လို့ဘုန်းစစ်သွေးကိုကြည့်နေတာလား..!?"

"Hahaha ဖြစ်နိုင်တယ် ဟျောင့်!"

*ကျစ်* "မင်းတို့တွေလာမနောက်နဲ့ကွာ..!"

"မြန်မြန်စား..! ဆရာမဆူနေဦးမယ်.."

"...."

နာရီဝက်ကျော်ကျော်ခန့်ကြာသောအခါတွင်ကားပေါ်တွင်လူစုံပြီဖြစ်သည်။

ထို့ကြောင့်မိတ္ထီလာမှမန္တလေးသို့ခရီးဆက်နှင်ကြတော့သည်။

ညနေစောင်းလာသောအခါဝင်တော့မည့်နေအားပြတင်းပေါက်မှရှင်းသန့်ငေးနေသည်။

ဘုန်းစစ်မှာတော့အရှေ့နှင့်အနောက်ထိုင်နေသည့်သွန်းနှင့် Chat နေသည်။

နေဝင်ပြီးမှောင်မိုက်လာသောအခါကားပေါ်တွင် Driver ကမီးများဖွင့်လိုက်လေသည်။

လွယ်အိတ်ထဲမှဖက်လက်စ စာအုပ်လေးအားထုတ်ကာရှင်းသန့်ဖတ်နေသည်။

ရှင်းသန့်စာအုပ်ထဲစိတ်ရောက်နေချိန်-

"ကိုငယ်..ကိုငယ်.."

အနောက်မှခပ်တိုးတိုးဖြင့်ပြောသောညီမဖြစ်သူ၏အသံကြောင့်ရှင်းသန့်လှည့်ကြည့်လိုက်သည်။

"သွန်းကိုခဏနေရာလဲပေးပါလား...?"

သွန်းမေးလိုက်ပြီးနောက်ရှင်းသန့် ဘုန်းစစ်မျက်နှာကိုတစ်ချက်ကြည့်ကာအကဲခတ်လိုက်သည်။

Past and Future Where stories live. Discover now