"ဟီး.."

စပ်ဖြီးဖြီးဖြင့်ယောက်ဖအားပြုံးပြသောအခါရှင်းသန့်မျက်နှာပြန်တည်သွားပြီးမျက်မှောင်ကြုံ့ကာနှစ်ယောက်လုံးအားကြည့်လိုက်သည်။ ထို့နောက်-

"ဘာလုပ်မလို့လဲ? ကိုယ့်နေရာကိုထိုင်လေ!"

တစ်ခွန်းတည်းသောပြတ်သားမာထန်သည့်စကားကြောင့်သွန်းဆက်မပြောရဲတော့ပဲနေရာတွင်ပြန်ထိုင်လိုက်သည်။

ဘုန်းစစ်လည်းရှင်းသန့်အားပြုံးစိစိလေးဖြင့်ကြည့်ကာနေသည်။

ညစာစားချိန်ခန့်ရောက်သောအခါတွင်မန္တလေးမြို့သို့ရောက်ရှိပြီဖြစ်၍အသီးသီးဆရာမများခေါ်ရာနောက်လိုက်သွားကြလေသည်။

ရတနာပုံ Hotel တွင်အားလုံးတည်းကြရန်ပြင်ဆင်ကြပြီးအခန်းများအားအသီးသီး Booking လုပ်ကြသည်။

ဆရာမ၏အမိန့်အရ-

"Third Year နဲ့ Final year တွေတစ်ခန်းကိုယောကျင်္ားလေးသုံးယောက်အထိနေလို့ရတယ် မိန်းကလေးတွေကတော့တစ်ခန်းမှာ ၅ ယောက်အထိရတယ်"

ဆိုသောစကားအရ Third Year မှယောကျင်္ားလေးများနှင့် Final Year မှယောကျင်္ားလေးများအခန်း Booking ယူကြသည်။

ဘုန်းစစ်ကတော့အနောက်ဆုံးတွင်အေးဆေးစွာဖြင့်ဖုန်းကလိနေသည်။

ရှင်းသန့်လည်းလက်ထဲမှစာအုပ်အားမချနိုင်အရှိန်ကောင်းနေသည်။

အားလုံးအသီးသီးတစ်ယောက်ပြီးတစ်ယောက်အခန်းကိုယ်စီရသွားကြသောအခါတွင်သူတို့နှစ်ယောက်မရသေး။

သူများတွေအားလုံးသော့များလှည့်ယမ်းကာအခန်းကိုယ်စီသို့သွားနေကြချိန်တွင်ဘုန်းစစ်နှင့်ရှင်းသန့်တို့သည် Booking တောင်မလုပ်ရသေး။

ဘုန်းစစ်ကလည်း Game ဆော့လို့ကောင်း၊ရှင်းသန့်ကလည်းစာဖတ်လို့ကောင်းနှင့်နှစ်ယောက်သားကျန်ခဲ့ကြသည်။

Reception မှအစ်မတစ်ယောက်က-

"မောင်လေးတို့... အခန်းတွေအားလုံးကုန်သွားပြီ..."

"ဗျာ....!?"

နှစ်ယောက်သားသံပြိုင်ထွက်လာကြပြီးတစ်ယောက်ကိုတစ်ယောက်ကြည့်မိကြသည်။

Past and Future Where stories live. Discover now