"မတွေ့တာကြာပြီနော်..."

အရင်နဲ့မတူရင့်ကျက်လာတဲ့မင်းခန့်မောင်ကိုကြည့်၍မိုးမခနှုတ်ဆိတ်နေသည်။

မင်းခန့်လည်းအရင်လိုမဟုတ်တည်ငြိမ်အေးဆေးလွန်းလှကာပို၍ချောလာတဲ့မိုးမခကိုကြည့်မဝ။

ဖျားနေတဲ့ကြားကမိုးမခဆီအရောက်လာခဲ့တာကြောင့်မျက်နှာတစ်ပြင်လုံးဖြူဖတ်ဖြူရော်ဖြစ်နေသည်ကိုမိုးမခသတိထားမိလိုက်သော်လည်း-

"Omm..."

"အဆင်ပြေရဲ့လား...?"

"Omm...မင်းခန့်.. ကျန်းမာရေးဂရုစိုက်နော်..."

အေးစက်လွန်းသောစိတ်ပူသံဖြစ်သော်လည်းအများကြီးမဟုတ်တောင်အခုလေးတင်ပြောလိုက်တဲ့တစ်ခွန်းတည်းသောသတိပေးမှုစကားသံအောက်မင်းခန့်ပြိုလဲသွားရသည်။

ချက်ချင်းပင်အဖျားတွေကိုယ်ထဲကထွက်သွားသကဲ့သို့စိတ်လှုပ်ရှား၍ဇောချွေးများပင်ပြန်လာရသည်အထိမိုးမခနှင့်ပက်သက်လျှင် sensitive ဖြစ်လွန်းသည်။

မင်းခန့်၏နေမကောင်းသောမျက်နှာအားတွေ့၍တစေ့တစာင်းသတိပေးလိုက်သောမိုးမခ၏စကားနောက်မင်းခန့်မျက်နှာလေးလန်းလာသည်။

"Omm ပါ.. ဒါနဲ့.."

"နင့်ဇနီးရောကျန်းမာရဲ့လား...?"

မင်းခန့်၏စကားမဆုံးသေးခင်ဖြတ်ပြောလိုက်သောမိုးမခ၏စကားလုံးများကြောင့်မင်းခန့်မျက်လုံးပြူးသွားသည်။

သူအရမ်းချစ်ခဲ့ရသောမိန်းကလေးအားချစ်သူသစ်တွေ့နေပြီလားဟုမေးချင်သောမင်းခန့်အခွင့်မသာခဲ့ပေ။

အမှန်တကယ်သူတို့နှစ်ယောက်လုံးဟာအတိအလင်းလမ်းမခွဲရသေးဖြစ်သည်။ နောက်ဆုံးနှစ်စာမေးပွဲပြီးနောက်ထပ်မတွေ့ကြတော့တာကလွဲ၍ ၂ နှစ်ဆိုသောအချိန်ဟာသူတို့နှစ်ယောက်ကြားနေရာယူခဲ့ပြီး အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းသာဖြစ်သည်။

"ဘာ..?"

"မင်းခန့်.. နင်မင်္ဂလာဆောင်သွားပြီဆိုတဲ့သတင်းငါကြားပါတယ်.. အခုနင်ကလူပျိုမဟုတ်တော့ဘူးလေ.. နင့်မိသားစုကိုစောင့်ရှောက်နိုင်ဖို့နင်ကျန်းမာမှဖြစ်မယ်နော် ပြီးတော့.. သာယာလှပတဲ့မိသားစုဘဝလေးမှာပျော်ပျော်နေပါ.. မင်းခန့်.."

Past and Future Where stories live. Discover now