မောဟိုက်နေသောအသက်ရှုသံများသည်တစ်ယောက်တည်းအိပ်နေသောအခန်းထဲတွင်ဆူညံသွားသည်။

အချိန်ကိုကြည့်လိုက်သောအခါမနက် ရ နာရီပင်ရှိနေပြီ။ မနေ့ကတစ်နေ့လုံးအဖျားအရှိန်ကြောင့်အလုပ်မသွားပဲအနားယူခဲ့ရပြီးညဘက်ဆေးသောက်၍စောစောအိပ်လိုက်သောအခါမနက်အာရုံတက်ချိန်တွင်ယခုကဲ့သို့အိပ်မက်ဆိုးအားမြင်မက်ခဲ့ရလေခြင်းဖြစ်ပေသည်။

ယောက်ဖဆရာဝန်ကြီး၏ကောင်းမှုကြောင့်အဖျားကျနေပြီဖြစ်သော်လည်းအိပ်မက်ဆိုးကြောင့်မင်းခန့်မောင်ပြန်ဖျားချင်သွားသည်။

မနေ့ညနေကမိုးမခအိမ်သွား၍မိုးမခနှင့်တွေ့ခဲ့ရသောဖြစ်ရပ်မှန်ကြီးအားစိတ်ထဲစွဲကာမြင်မက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်ရပ်မှန်မှာ-

*flashback starts*

သူမအဒေါ်ဖြစ်သူအားမိုးမခနှင့်တွေ့ချင်ကြောင်းပြောကာခြံထဲတွင်မင်းခန့်မောင်စောင့်နေလိုက်သည်။

မိုးမခထွက်လာသောအခါမင်းခန့်မောင်အားတွေ့လိုက်ရ၍အံ့အားသင့်သွားသော်လည်း-

"မိုးမခ..."

"......."

တုံ့ပြန်ခြင်းမရှိသွေးအေးလွန်းလှတဲ့မျက်နှာထားဟာမင်းခန့်မောင်အားမျှော်လင့်ချက်မဲ့စေသည်။

ယောကျင်္ားလေးများသည်အချစ်ဦးကိုဘယ်သောအခါမှမမေ့တတ်ကြသောကြောင့်ဘဝမှာတစ်ခါသာချစ်ဖူးသောမင်းခန့်မောင်အဖို့ပို၍ခဲယဉ်းသည်။

ဘယ်လောက်ပဲရှုပ်ပွေခဲ့ရှုပ်ပွေခဲ့၊ကိုယ့်အချစ်ဦးကိုမေ့ပစ်ရန်ယောကျင်္ားလေးများအတွက်ခဲယဉ်းလွန်းလှသည်။

မိုးမခကိုအချစ်ဦးနဲ့အချစ်ဆုံးဟုသတ်မှတ်ထားတဲ့မင်းခန့်မောင်အဖို့တော့လွယ်လွယ်နှင့်မေ့ပစ်ရန်ခက်ခဲသည်။

မိုးမခဟာသူ့အတွက်ပထမဆုံးနှင့်နောက်ဆုံးဟုသတ်မှတ်ထားသောကြောင့်မတွေ့ခဲ့ရသည့်နှစ်ပေါင်းများကိုစိတ်ရှည်စွာစောင့်ဆိုင်းခဲ့သည်။

မပြတ်သားနိုင်တဲ့မင်းခန့်မောင်ရင်ထဲမိုးမခကိုဖြတ်ရန်ခက်ခဲသော်လည်းမငြင်းဆန်နိုင်တဲ့သူဌေးရဲ့အမိန့်ကြောင့် tomboy ဖြစ်သူနှင့်လက်ထပ်ခဲ့ရပြီးယခုလိုအခြေအနေကြီးဖြစ်နေခြင်းဖြစ်သည်။

Past and Future Where stories live. Discover now