မိုးမခသည်ခပ်သွက်သွက်အကြောက်အရွံ့မရှိသောကောင်မလေးဖြစ်နေသည်ကိုမင်းခန့်မောင်ပိုသဘောကျမိသည်။

ထို့နောက်မိန်းကလေးသူငယ်ချင်းများ၏မိတ်ဆက်ပေးမှုဖြင့်မိုးမခနှင့်ခင်မင်ခွင့်ရခဲ့သည်။

ပထမနှစ်တစ်လျှောက်လုံးသူငယ်ချင်းဖြစ်ခဲ့သောမိုးမခအားသူ၏စိတ်ရင်းအမှန်ကိုစာမေးပွဲမတိုင်ခင်တွင်ဖွင့်ပြောခဲ့သည်။

ပထမနှစ်စာမေးပွဲပြီးသောအခါမိုးမခဆီမှလိုချင်သောအဖြေကိုရရှိခဲ့ပြီးနောက်ဆုံးနှစ်ထိတွဲခဲ့ကြသည်။

ကျောင်းတွင်သူတို့အတွဲသည်အလွန်ချစ်ကြပြီးနားလည်မှုအပြည့်ရှိသောကြောင့်သူငယ်ချင်းများအားအကျဆုံးအတွဲဖြစ်ခဲ့သည်။

နောက်ဆုံးနှစ်စာမေးပွဲပြီးသောအခါမွေးရပ်မြေဖြစ်သောတောင်ကြီးသို့မိုးမခပြန်သွားခဲ့သည်။

ရှမ်းမဟုတ်သော်လည်းတောင်ကြီးတွင်မွေးဖွားခဲ့သောတောင်ကြီးသူလေးသည်မိဘများဆီပြန်ခဲ့လေသည်။

စာမေးပွဲပြီးနောက်တစ်ရက်မှစ၍တောင်ကြီးသို့ပြန်သွားသောမိုးခသည်အောင်စာရင်းများထွက်၍မင်းခန့်မောင်ဘွဲ့ယူပြီးသည်အထိပြန်မလာ။

နေ့ရက်တိုင်းကိုမိုးမခအားစောင့်မျှော်နေခဲ့သည်နှင့်အချိန်ကုန်ဆုံးခဲ့သောမင်းခန့်မောင်လည်းအရင်လိုမဟုတ်ပဲပိန်ချုံးကာအချစ်နာကျနေပြီဖြစ်သည်။

ဖုန်းမှတစ်ဆင့်လည်းအဆက်အသွယ်မရသည့်အပြင်ဘယ်သူနဲ့မှလည်းလူကြုံမေးလို့မရသည်ကြောင့်တောင်ကြီးသို့လိုက်သွားတော့သည်။

တောင်ကြီးရောက်သောအခါတွင်လည်းရှာမတွေ့ခဲ့ပဲပြန်လာခဲ့ရသည်။

ထို့နောက် Travel and Tour Company တစ်ခုတွင်အလုပ်ရခဲ့သည်။

မိုးမခကိုတော့ပြန်မတွေ့တော့....။

*flashback ends*

ထိုသို့နှစ်ရှည်လများစွာစောင့်မျှော်ခဲ့ရသူမင်းခန့်မောင်အဖို့အခုချိန်မှာမိုးမခအားပြန်တွေ့နိုင်တော့မည်ဖြစ်သည်။

သို့သော်အချိန်ကအနိုင်ရသွားတာကြောင့်မြတ်နိုးကိုကိုဆိုသောဇနီးအားပိုင်ဆိုင်ထားရသောမင်းခန့်မောင်သည်လူပျိုမဟုတ်တော့ပေ။

Past and Future حيث تعيش القصص. اكتشف الآن