<7>

2.3K 138 3
                                    

အလွန်နီးကပ်နေသောခံစားချက်ကြီးကြောင့်အိပ်ရာပေါ်တွင်ဟိုလှိမ့်ဒီလှိမ့်လုပ်နေရာမှာမျက်လုံးများအားအနည်းငယ်ပွတ်သပ်ကာဖွင့်ကြည့်လိုက်သည်။

တစ်ယောက်အိပ်ကုတင်ဆိုပေမယ့်လည်းမကျဉ်းလွန်းသောအနေအထားမို့နှစ်ယောက်အိပ်လျှင်လည်းအဆင်ပြေနိုင်သည်။

သို့သော်အအိပ်ကြမ်းသောမင်းခန့်မောင်အဖို့တော့မလွယ်ပင်။

ခေါင်းအုံးမဟုတ်ပဲဘယ်ပေါ်တွင်အိပ်နေမှန်းကိုခံစား၍မရပဲပူးကပ်နေသလိုနီးစပ်မှုကြီးကြောင့်ပွတ်သပ်နေသောမျက်လုံးများကိုအမြန်ဖွင့်ကြည့်လိုက်သည်။

ဘေးတွင်အိပ်မောကျနေသောဇေယျာဟိန်းထက်အားဘေးတိုက်တွေ့လိုက်ရပြီးသူ့ရင်ခွင်ထဲရှိသူ့လက်မောင်းပေါ်တွင်အိပ်မိနေကြောင်းသိလိုက်ရ၍ကောက်ကနဲချက်ချင်းထထိုင်လိုက်သည်။

အိပ်ချင်မူးတူးမျက်လုံးများလည်းပြူးကြောင်သွားကာတစ်ဒိတ်ဒိတ်ခုန်မိသောရင်ဘတ်ကိုလည်းဖိထားမိသည်။

ရုတ်တရက်မို့လန့်သွားပြီးဘေးတွင်ရှိသောသူ့ခေါင်းအုံးအားယူကာအခန်းထဲမှအမြန်ထွက်ခဲ့သည်။

မြတ်နိုးကိုကိုနှင့်သူ၏အိပ်ခန်းဆီသို့ဦးတည်ကာအခန်းတံခါးကိုအသာလေးဖွင့်ဝင်သွားလိုက်သည်။

မြတ်နိုးကိုကိုလည်းကုတင်ပေါ်တွင်လွတ်လပ်စွာအိပ်နေသည်ကိုကြည့်ပြီးဆိုဖာပေါ်တွင်ခေါင်းအုံးကိုထားကာရေချိုးခန်းထဲဝင်၍အလုပ်သွားရန်ပြင်ဆင်တော့သည်။

ထို့နောက်တစ်အိမ်လုံးနိုးထလာကြပြီးအခိုင်းအစေများလည်းပြင်ဆင်စရာရှိသောမနက်စာများကိုပြင်ဆင်ကြသည်။

လူစုံတက်စုံစားပွဲတွင်ထိုင်ကာ breakfast ကိုစောင့်နေကြသည့်အချိန်ဇေယျာဟိန်းထက်သည်သူ့လက်မောင်းအားကိုင်၍တစ်ကျွတ်ကျွတ်အော်ကာဝင်လာလေတော့သည်။

ထို့နောက်နေရာတွင်ထိုင်၍အဖေနှင့်အမေအားနှုတ်ဆက်လိုက်သည်။

"သား.. လက်မောင်းကဘာဖြစ်လို့လဲ..?"

"မသိပါဘူးမေမေရယ်...ကျင်နေလို့..."

Past and Future Where stories live. Discover now