"ကျင်ရအောင်ညကဘာဖိအိပ်လို့လဲသားရဲ့..."

"အဟွတ် အဟွတ် !!"

ကိုယ့်လက်မောင်းကို ကိုင်၍မျက်နှာရှုံ့ကာအမေမေးသည်ကိုပြောနေသူဇေယျာဟိန်းထက်အားကြည့်၍သဘောပေါက်နေသော်လည်းယောက္ခမဖြစ်သူမေးလိုက်သောမေးခွန်းကြောင့်မင်းခန့်မောင်ကော်ဖီသောက်နေရာမှထသိီးခြင်းဖြစ်သည်။

ကော်ဖီသီးသွားသောမင်းခန့်မောင်ကြောင့်စကားဝိုင်းတိတ်ဆိတ်သွားပြီးအကြည့်များသူ့ဆီရောက်သွားသည်။

"အာ... sorry ပါဗျ.."

အကြောင်းစုံကိုသိနေသောမင်းခန့်မောင်ကတော့ဇေယျာဟိန်းထက်အား အားနာသောအကြည့်ဖြင့်ကြည့်နေသည်။

ထို့နောက်အလုပ်ကိုယ့်ဆီသွားကြပြီး.....

***********

Canteenတွင်ရှင်းသန့်နှင့်သူ့သူငယ်ချင်းများထိုင်နေကြသည်။

ရှင်းသန့်ကတော့ထုံးစံအတိုင်းစကားနည်းသူမို့သူငယ်ချင်းများအကြားဝင်မပြောပဲနားထောင်နေသည်။

ထမင်းဘူးအမြဲထည့်သောရှင်းသန့်သည်ထမင်းဘူးမပါသောသူငယ်ချင်းများအားအဖော်ပြုရန်Canteenတွင်အအေးတစ်ခွက်နှင့်ထိုင်နေသည်။

"ဟျောင့်! ရှင်းသန့်! မင်းညီမကငါတို့ TU က the whole king နဲ့တွဲနေတာဆို..!?"

"Omm..."

"မင်းညီမတော့ရှယ်ပဲနော်...the whole king ကိုရအောင်ယူနိုင်တယ်.. မင်းပဲကျန်တော့တယ် ဟျောင့်ရေ"

"ငါစိတ်မဝင်စားဘူး.."

စကားဝိုင်းတွင်နှုတ်ဆိတ်နေသောရှင်းသန့်ဘက်သို့လှည့်လာကာညီမဖြစ်သူအကြောင်းပြောလေတော့သည်။

"ဟ! စိတ်မဝင်စားလို့ရမလားကွ..! မင်းဒီမှန်ကြောင်ဘဝနဲ့တစ်သက်လုံးနေသွားမှာလား ဟမ်? မျက်ကပ်မှန်လေးဘာလေးတပ်ပြီးစော်ကြည်အောင်နေစမ်းပါကွာ..!"

"ဘာစော်မှစိတ်မဝင်စားဘူးကွာ..!!"

"ဘာလဲ? မင်းကဘာစော်မှစိတ်မဝင်စားဘူးဆိုတော့ဘဲကိုစိတ်ဝင်စားတာလား ဟုတ်လား??"

"ဟျောင့်တေ!! မင်းတို့ဘယ်လိုဖြစ်နေလဲ..!? တော်ပြီကွာ ငါပြန်တော့မယ်"

Past and Future Kde žijí příběhy. Začni objevovat