Part-1

25K 1.1K 33
                                        

Unicode

Kim Taehyung DNA universityတစ်ခုလုံးရဲ့ cupid။ uniတစ်ခုလုံးမှာ သူနဲ့ ကင်းတဲ့အတွဲဆိုတာ မရှိ။ သူအောင်သွယ်ပေးလိုက်ရင် အဆင်ပြေပြီး အတွဲမြဲသွားတာချည်း။ ရန်ဖြစ်ပြီဆိုရင်လည်း ဝင်ဖျန်ဖြေပေးလိုက်ရင် အဆင်ပြေသွားသည်ချည်း။ ဒါကြောင့်လည်း Uniတစ်ခုလုံးမှာ Taehyungကို မသိသူမရှိ။

Taehyungမှာ အခင်ဆုံးသူငယ်ချင်း Min Yoongiဆိုသော အချေကောင်တစ်ယောက်ရှိလေသည်။ အအိပ်အရမ်းမက်ပြီး အချေလွန်သောကြောင့် အပေါင်းအသင်းနည်းသည်။
သို့သော် အာ့လေးကိုက မိန်းကလေးတွေကြားမှာ ရေပန်းစားနေလေသည်။

Min Yoongiကို crushနေသူ မှန်သမျှက Taehyungဆီ ချဉ်းကပ်ကာ အကူအညီ တောင်းလေ့ရှိကြသည်။ Taehyungကသာ '' Yoongi...ဒီတစ်ယောက်ကို တွဲကြည့်လိုက်ပါလား''ဟု မဆိုလိုက်နဲ့။ နောက်တစ်ရက် အာ့တစ်ယောက်နဲ့ ရည်းစားဖြစ်လေပြီ။ Yoongiကတော့ မိန်းကလေးသာမက ယောကျ်ားလေးတွေနဲ့ပါ တွဲလေသည်။ Taehyung အောင်သွယ်ပေးရင်ပေါ့။ သို့သော် တွဲတိုင်း ၃ရက်ထက် ပိုမကြာ။

ထို့ကြောင့် uniတက်စဉ် တစ်လျှောက်လုံး Taehyungမှာ စားသောက်ဝတ်စားနေထိုင်ရေး ပူရ။ အောင်သွယ်ခိုင်းတဲ့ သူတွေက လက်ဆောင်ပေးသည်ချည်း။
________________________________________

Someone:: Hyung...

အနောက်က ခပ်စူးစူး ခေါ်သံလေးကြောင့် Taehyung လှည့်ကြည့်လိုက်သည်။ ယုန်သွားလေးတွေပေါ်အောင် ရယ်ပြနေသော ကောင်လေးတစ်ယောက်ကြောင့် အလိုလို ပြုံးမိလျက်သား ဖြစ်နေလေသည်။

Tae:: ကိုယ့်ကို ခေါ်တာလား...

ထိုကောင်လေးက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မရဲတရဲလေး ရှေ့ကို တိုးလာကာ

Boy:: အကူအညီတောင်းစရာ ရှိလို့ပါ...

Tae:: ဘာကူညီပေးရမလဲ...

ရုတ်တရက် သူ့လက်ထဲ အထုပ်တစ်ထုပ်ကို ထိုးထည့်လိုက်ပြီး

Boy:: hyungက Gucci ကြိုက်တယ်ဆိုလို့...

Taehyung ပြုံးလိုက်မိသည်။

Boy:: ဟို...ဟို...ကျွန်တော့ နာမည် Jeon Jungkookပါ...

Tae:: ကိုယ်ကိုတော့ မင်းသိမှာပါ...

Jungkook ခေါင်းကို ညိတ်ပြလိုက်ရင်း

Cupid's baby { Completed }Stories to obsess over. Discover now