-Thoon Khaet Nwe

###

ပြာလဲ့နေတဲ့ပင်လယ်ပြင်ထဲကရေကြည်တွေကသဲ
သောင်ပြင်ပေါ်မှာပြန့်ကျဲလို့...

လေပြေသွေးတွေခေါ်ဆောင်ရာလွင့်မျောလို့...

စွင့်ကားနေတဲ့နှင်းဆီပွင့်တွေကအကိုင်းအခတ်မှာချိတ်
ဆွဲလို့...

ပတ်ဝန်းကျင်တစ်ခွင်သို့မွှေးကြိုင်တဲ့ရနံ့နဲ့လျှို့ဝှက်တဲ့
ဆွဲဆောင်မှုတစ်ချို့ဆောင်သင်းလို့...

ပင်လယ်ပြင်ထဲကရေကြည်တွေလိုရွှေရောင်နုနုသဲပြင်
ပေါ်သို့ကဗျာဆန်စွာမပြန့်ကျဲနိုင်ပေမယ့်အေးမြတဲ့
မေတ္တာကိုချစ်ရသူဆီပြန့်ကျဲနိုင်မယ်လို့တော့
မြတ်နိုးကိုကိုယုံကြည်ခဲ့ဖူးတယ်။

မြတ်နိုးကိုကိုဆိုတာ Travel and Tour လုပ်ငန်းပိုင်ရှင်
သူဌေးကြီးဦးဇေယျာကိုကိုရဲ့အငယ်ဆုံးသမီး။

ဇေယျာဟိန်းထက်ဆိုသူအကိုတစ်ယောက်ကိုပိုင်ဆိုင်
ထားပြီးယောကျင်္ားလေးလိုနေထိုင်သူတစ်ယောက်။

နှင်းဆီပွင့်တွေလိုပတ်ဝန်းကျင်တစ်ခွင်ကိုလျှို့ဝှက်
နက်နဲတဲ့ရနံ့များမဆောင်သင်းနိုင်ပေမယ့်အနာဂတ်
မှာအချစ်မြှားနတ်မောင်ကဖူးစာရှင်ဆီဆောင်သင်းနိုင်
လိမ့်မယ်လို့ဇေယျာဟိန်းထက်စိတ်ကူးယဉ်ခဲ့ဖူးသည်။

ဆေးပညာဖြင့်ဘွဲ့ရပြီးသူဖြစ်ပြီးအထွေထွေခွဲစိတ်ကု
ဆရာဝန်တစ်ယောက်ဖြစ်နေသူလည်းဖြစ်သည်။

မိဘစကားနားထောင်သောသားလိမ္မာတစ်ယောက်
ဖြစ်သလိုညီမဖြစ်သူရဲ့ဆိုးသွမ်းမှုတွေကိုလည်းလိုက်လံ
ထိန်းကျောင်းပေးနေရသောအကိုကောင်းတစ်ယောက်
လည်းဖြစ်ပါသည်။

ညီမဖြစ်သူဟာ tomboy တစ်ယောက်ဖြစ်လို့ညီမ
ပွေခဲ့သမျှမိန်းကလေးများနဲ့ပက်သက်ပြီးလည်းသူပဲ
ဖြေရှင်းပေးရသူဖြစ်သည်။

အဆုံးသတ်မှာတော့ညီမတွဲခဲ့သမျှ ex girl တွေက
အကိုဖြစ်သူကိုကြွေတာနဲ့ပဲပြီးသွားတာများသည်။

အဖေဖြစ်သူမှာစီးပွားရေးဘက်သာအားစိုက်နေသော
ကြောင့်သမီးဖြစ်သူဆိုးသွမ်းသမျှကိုသားဆီသာပုံအပ်
ထားပြီးအမေဖြစ်သူမှာရွှေဆိုင်ပိုင်ရှင်ဖြစ်တာကြောင့်
မောင်နှမနှစ်ယောက်လုံးကိုလိုက်လံမထိန်းကျောင်းနိုင်
ပေ။

Past and Future Where stories live. Discover now