932 138 23
အပိုင်း ( ငါး )
" အစ်​မဒါရာ ပန်​း​တွေထဲမှာ ဘယ်​ပန်​းကိုကြိုက်​လဲ "
ဒီ​နေ့ဆိုင်​ထဲ လူရှင်​း​နေသည်​.....။ ရီဖန်​ နဲ့ ဒါရာ လည်း ပန်​း​တွေ ​ရေ​လောင်​း​ရင်​း စကား​ပြောနေသည်​....။
" နှင်​းဆီ နှင်​းဆီ​တောင်​ ရဲရဲနီ​နေတဲ့ နှင်​းဆီ "
" ဘာလို့လဲ "
" နှင်​းဆီက အစ်မနဲ့ မတူဘူးလား ရီဖန် အစ်​​မက ဘဝကို ရဲရဲရင်​့ရင်​့ ရင်​ဆိုင်​​နေရတာ "
" တူပါတယ်​ "
ရီဖန်ထောက်ခံလိုက်သော်လည်း အစ်မဒါရာကို စိတ်ထဲမယ် မတူဘူလို့​ ​ပြောချင်နေခဲ့​တယ် ။ ဒါရာဆိုတာ နှင်​းပန်​း​လေးနဲ့ပိုတူတာ လူတိုင်​းသိ​နေတာပဲမဟုတ်​လား.....။ ဖြူစင်​လွန်​းတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​​ပေါ့.....။
" ရီဖန်​ ရီဖန်​ရော ဘာပန်​းကြိုက်​လဲ "
ဒါရာက ပန်​း​တွေရေ​လောင်​းမပြတ်​​ဘဲ ပြန်မေး​သည်​....။
" ကျွန်​​တော်​လား အင်​း..... ဘယ်​ပန်​းမဆိုပါဘဲ ကြိုက်​တယ်​ "
ရီဖန်​က ​တွေး​တွေးဆဆ ​ပြော​နေသည်​.....။ ပြုံးရိပ်​​ရောင်​ သန်​း​နေတဲ့ ရီဖန်​က နူးညံ့နေသည်​.....။
ဒါရာ ရီဖန်​့ကို ဖျတ်​ခနဲ လှည်​့ကြည်​့သည်​....။ အလုပ်​ကို ​တော့မပြတ်​ လုပ်​​နေသည်​.....။
" ရီဖန်​ ​သိလား မင်​းက နှင်​းပန်​းနဲ့တူတယ်​ "
" ​ဗျာ!?! "
ရီဖန်​ အရမ်​းအံ့​အော သွားရသည်​....။ ​ယောကျာ်​း​လေး တစ်​​ယောက်​က နှင်​းပန်​းနဲ့မတူနိုင်​ပါဘူး.....။
" ဟုတ်​တယ်​ တူတယ်​ "
" ဘာက တူတာ....... "
" ချွင်​း....... "
ရီဖန်​ စကားတို့ မဆုံး​သေးခင်​ ​ခေါင်​း​လောင်​းသံ ​ပေါ်လာခဲ့သည်​.....။ ဒါရာ ဧည်​့သည်​ဆီ အပြေးသွား၍ ခါးညွတ်​ နှုတ်​ဆက်​လိုက်​သည်​.....။
ဒါရာ ပြုံးပြ​နေတာ အလွန်​း​အေးချမ်​း ဖြူစင်​လှသည်​....။ ရီဖန်​ က​တော့ သက်​ပြင်​းဖျော့​ဖျော့ ချလိုက်​ကာ ခေါင်​းတခါခါနဲ့ အ​တွေး​တွေ ​မောင်​းထုတ်​ လိုက်​သည်​......။ တစ်​ခါတစ်​ရံ​တော့လည်း သူ နှင်​းပန်​းဖြစ်​ချင်​မိပါစ ။
ပန်းဆက်သမားTempat cerita menjadi hidup. Temukan sekarang