ပန်းလေးရဲ့ အဓိပ္ပါယ်(ပန်း​လေးရဲ့ အဓိပ္ပါယ်​​)

326 63 14
                                    

အပိုင်း ( တစ်ဆယ့်သုံး )

ကျွန်​​တော်​သိတဲ့ Lily of the valley ဆိုတဲ့ အဓိပ္ပါယ်​ က ​ပျော်​ရွှင်​ခြင်းတဲ့ ။

​နောက်​ အဓိပ္ပါယ်​​တွေက ချိုမြိန်​ခြင်း ၊ ဖြူစင်​ခြင်းနဲ့ နှိမ့်ချတတ်တဲ့ စိတ်​ထားရှိခြင်းတဲ့ ။

​နောက်​ထပ်​ ​ကျွန်​​တော်​သိလိုက်​တာက

မင်းကငါ့ဘဝကို ပြည့်စုံသွား​စေတယ်​

ဆိုတာပါပဲ ။

💐🌸🌷🌼🌹🌻🌺💐🌸🌷🌼🌹🌻🌺
ပန်းဆက်​သမား
💐🌸🌷🌼🌹🌻🌺💐🌸🌷🌼🌹🌻🌺

​​ဆေးရုံက ဆင်းပြီး​နောက်​​နေ့ အိမ်​​ရောက်​လာပြန်​တဲ့ ချစ်​သူငယ်​ချင်းနှစ်​​ယောက်​ ။ အခန်းထဲ ရောက်​လာကတည်းက ချန်​​ညော်​လ်​ ကို အ​ရေးမလုပ်​ဘဲ အပင်​ကိုသာ နမ်းလိုက်​ ပြုံးကြည့်လိုက်​လုပ်​​နေတဲ့ ချမ်း ။ ​လေးက မျက်​လုံး​လေး မှိတ်​အနံ့​လေးခံ​နေသည်​ ။

" အရင်​က မင်းအခန်းထဲမှာ​တွေ့တဲ့ ပန်းနဲ့ တူတယ်​​မလား အခုရ​နေတဲ့ အနံ့ကတူတူပဲ ''

" အင်းဟုတ်​တယ်​တူတူပဲ အဲ့ဒါ Lily of the valley ပဲ ''

" ဒီပန်းလေး အ​ကြောင်းကို မင်းသိလား ချန်​​ညော်​လ်​ ''

ချမ်းဟာ ထိုအပင်​​လေးကို ​သေချာစွာကြည့်နေသည်​ ။

" အင်းသိတယ်​ ​ပြောပြမယ်​​လေ ''

" အင်းအင်းငါသိချင်​​နေပြီ ''

ချမ်းက အားတတ်​သ​ရော​ပြောရင်း ချန်​​ညော်​လ်​ အနား​ရောက်​လာသည်​ ။ ​လေးလည်းမျက်​လုံး​လေး​တွေ တလဲ့လဲ့နဲ့ ချန်​​ညော်​လ်​ ကိုကြည့်​နေရှာသည်​ ။

" သူနံမည်​က Lily of the vally တဲ့ သူ့​မွေးလက ​မေလ Virgin Mary ရဲ့ မျက်​ရည်​လို့လည်းတင်​စား​တယ်​ သူက ​သေး​သေး​လေးနဲ့ လှတာ မင်းတို့​တွေ့တဲ့ အတိုင်းပဲသူ့အဓိပ္ပါယ်​က ​ပျော်​ရွှင်​မှုတဲ့ ပြီ​တော့ ချိုမြိန်​ခြင်း၊ ဖြူစင်​ခြင်းနဲ့ နှိမ့်ချတတ်တဲ့ စိတ်​ထားရှိခြင်းတဲ့ ''

" ဝါး နူးညံ့ လိုက်​တာ ပန်းကလည်းလှ အဓိပ္ပါယ်​ ကလည်းမိုက်​ အနံ့ကလည်းမွှေး​နေ​ရောပဲ ''

ပန်းဆက်သမားWhere stories live. Discover now