အပြုံးပန်း ( အျပဳံးပန္း )

1.2K 148 27
                                    

အပိုင်း ( နှစ် )

" ချန်​​ညော်​လ်​... ချန်​​ညော်​လ်​...ချန်​​ညော်​လ်​ ပန်​းဆိုင်​ကို လာခဲ့ပါ လာခဲ့ပါ "

ရီဖန်​ တစ်​​ယောက်​ ပန်​းသီးအပင်​​ပေါက်​​တွေ ​ရေ​လောင်​းရင်းဂါထာ တစ်​ပုဒ်​ ရွတ်​​နေသည်​...။

ဤသည်မှာညက သူဖတ်​လိုက်​ရသည်​့ အချစ်​​မှော်​စာအုပ်​ထဲက အချစ်​ပင်​( ပန်​းသီးပင်​ ) ဂါထာ တစ်​ခုပင်​ဖြစ်​သည်​...။

​ကိုယ်​တစ်​ခုခု ဖြစ်​​စေချင်​သူကို (ချစ်​စိတ်​ဖြင့်​သာ မနာကျင်​​စေရ ) စိတ်​နစ်​၍​ အချစ်​ပင်​(​ ပန်​းသီးပင်​ ) ​ကိုရေ​လောင်​းရင်း နာမည်​နှင့် ဖြစ်​​စေချင်​တာ သုံးကြိမ်​း ရွတ်​ဆိုရမည်​ဖြစ်​သည်​...။

ထိုလုပ်​ရပ်​သည်​ ရူး​ကြောင်​​ကြောင်​နိုင်​သည်​...။ သို့​ပေမဲ့ ​မျှော်​ရသူ စိတ်​မချမ်​းသာအောင်​ ပန်​းချစ်​သူ ​ကောင်​​လေးက ကိုယ်​​ပျောက်​ ကျင်​့စဉ်​ကျင်​့​နေရဲ့...။

ပန်​းချစ်​သူ​ကောင်​​လေး နိုင်​ငံခြားသွားတယ်​လို့​တော့ သူ​ဌေး​ပြောတာ ခပ်​သဲ့သဲ့ ကြားမိသည်​...။

" လာခဲ့ပါ ချန်​....​ရော်​လ်​.... "

ဂါထာဆုံးသွားတော့ သက်​ပြင်​းသဲ့သဲ့ ချမိသည်​
...။ လူသိခံလိုမရတဲ့ အချစ်​တစ်​ခုကို အစပျိုးမိတာ အမှားတစ်​ခုရယ်​လို့ ​ခေါင်​းစဉ်​မတပ်​ချင်​​ပါ...။

အပင်​​ပေါက်​​လေး​တွေ​ဘေးက ခုံးတန်​း​လေး​ပေါ် ထိုင်​လိုက်​သည်​...။ လက်​မှာရေကရား ကိုလည်း ကိုင်​ထားသည်​...။

​ခြေတစ်​ဖတ်​ဆန်​့ထားကာ ခေါင်​းလည်းငုံ့ထားရင်း မျက်​ဝန်​းတို့က လွမ်​းနားကျလို့ ခပ်​မှိန်​မှိန်​...။

ပတ်​ပတ်​လည် မှန်​​တွေနဲ့ အလှဆင်​ထားတဲ့ ပန်​းဆိုင်​​လေးထဲမှာ ​လေမတိုက်​ပါဘဲ ပန်​းသီးပင်​​ပေါက်​တို့ ယိမ်​းနွဲ ့ သွားတာ ရီဖန်​မသိလိုက်​...။ ဘယ်​သူ့မှလည်း မမြင်​လိုက်​ပါ...။

" ရီဖန်​.... ရီဖန်​ "

" ရီဖန်​!!! "

​" ဗျာ!!! "

ဒါရာ အသံနည်းနည်း ကျယ်​ကျယ်​​ခေါ်​တော့မှ ​ကြောင်​​တောင်​​တောင်​ပုံနဲ့ ပြန်​​ထူသည်​...။

ပန်းဆက်သမားDove le storie prendono vita. Scoprilo ora