အဖြူရောင်လွင်ပြင်......(အဖြူရောင်လွင်ပြင်......)

189 51 7
                                    

အပိုင်း (တစ်ဆယ့်ခြောက်)

ထာအိုပြောတဲ့ ဟော်တယ်ကို ရောက်တော့ ချန်ညော်လ် ဖုန်းလှမ်းဆက်လိုက်သည် ထာအိုက အခန်းထဲက ထွက်လာပြီ ဟော်တယ်အရှေ့ထိလာခေါ်သည်

" မြန်မြန်လာတာမဟုတ်ဘူး မင်းတစ်ယောက်တည်း ကျန်တော့တာ "

" ဘာလဲ အခုပဲပြန်လိုက်ရမလား "

" ဟိတ်ကလေးလိုလို ခွေးလိုလို စကားတွေပြောမနေနဲ့ ဟိုမှာ လူကြီးတွေက မင်းကို စောင့်နေတာ "

" ကောကော အဲ့လိုပြောနေ ကောကောတို့ အဆင်ပြေတာ ချန်ကြောင့် "

" ဖြစ်တယ် မောင်မင်းကြီးသာရယ် "

စကားတပြောပြောနဲ့ ထမင်းစားခန်းထဲ ဝင်လာခဲ့သည် ချန်ညော်လ် အခန်းထဲ ဝေ့ကြည့်တော့ အစ်မ ဒါရာရော အစ်ကို ရီဖန်ရော ထိုင်နေသည်ကို တွေ့သည် တူတူယှဉ်ထိုင်နေတဲ့ နှစ်ယောက်က တခြားလူမလိုလောက်အောင် စကားတွေပြောပြီ ရယ်မောနေတော့သည် ChanYeol မျက်မှောင်တစ်ချက်ကြုတ်လို့  လွတ်နေတဲ့ နေရာမှာ ဝင်ထိုင်လိုက်သည်

" နောက်ကျသွားရင် တောင်းပန်ပါတယ် "

အသံလေးတဆာဆာနဲ့ ယွမ်းရောက်လာခဲ့သည် ရီဖန်းဘေးထိုင်နေတဲ့ ထာအို့ကို နေရာအတင်းဖယ်ခိုင်းတော့သည် ထာအိုက ခါအီနဲ့ ချန်ညော်လ် ကြားကလွတ်နေတဲ့ နေရာလေးကို သွား၍ ထိုင်လိုက်သည်

"ကိုကို ရောက်နေတာကြာပြီးလား ယွမ်းနည်းနည်းနောက်ကျသွားတယ် "

" သမီးမွေးရင်အဲ့လိုပဲလားမသိဘူးနော် ခါအီ ငါတို့ သားလေးပဲ မွေးစားမယ်နော် သမီး မိန်းကလေးကတော့ အခုကတည်းက လက်လန်နေပြီ "

" ကိုကို! ဟွန့်နေပေါ့ ယွမ်းကတော့ သမီးမိန်းကလေး ချစ်တတ်တဲ့ လူနဲ့ လက်ထပ်ပြီး လိမ္မာတဲ့သမီးလေးပဲ မွေးမှာ သမီးလေးတစ်ယောက် သေချာမွေးမှာ "

You've reached the end of published parts.

⏰ Last updated: Oct 09, 2021 ⏰

Add this story to your Library to get notified about new parts!

ပန်းဆက်သမားWhere stories live. Discover now