အပိုင်း ( ကိုး )
" အစ်ကို ကျွန်တော် အစ်ကို့ကို ချစ်တယ် ပြောမပြတတ်အောင် ချစ်တယ် အစ်ကို "
" ဟင် တ....တကယ်လား..... ကောင်လေး....... "
ရှက်ဝံ့စွာ ခေါင်းလေးငုံ့ပြောနေတဲ့ ကောင်လေးဟာ ဘယ်လောက်အရှက်ပိုနေသလဲဆို သူရဲ့ပါးနှစ်ဖက် နီရဲရဲလေးတွေက သက်သေပြနေတော့သည်.......။
ကျန်တစ်ယောက်သည်လည်း ထိုစကားသံလေးကြောင့်ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုဟာ ဖုံးမရဖိမရနဲ့ အစွမ်းကုန်ဖြစ်ပေါ်နေတော့သည်......။
" ဟုတ်တယ် အစ်ကို ကျွန်တော် အစ်ကို့ကိုချစ်နေမိတာ ကြာခဲ့ပါပြီ ဖွင့်မပြောရဲခဲ့လို့ပါအစ်ကိုရယ် "
" ဟင့်အင်းရတယ် ကြာလည်းကြာပါစေ အခုသိပြီမို့လား အခုချစ်နေတယ်မို့လား ရတယ် အစ်ကိုဘာမှမဖြစ်ဘူး အစ်ကို ကောင်လေးကိုချစ်တယ် "
ရီဖန် ချန်ညော်လ် နဖူးပြင်ကို နူးညံ့တဲ့အကြင်နာ အနမ်းတစ်ပွင့်ခြွေချလိုက်သည်.....။ အပြုံးတွေနဲ့ လှပနေတဲ့ကောင်လေးကို ရင်ခွင်ထဲ တင်းကြပ်စွာ ဖက်လိုက်သည်.....။
လှပစွာတည်ရှိနေတဲ့ ပန်းရောင်စုံခင်းကြီး အလယ်မှာ သို့တည်မဟုတ် အဝါရောင် လှိုင်းလှိုင်းထနေတဲ့ နေကြာခင်းကြီးထဲမှာ နှစ်ကိုယ်တူပျော်ရွှင်စွာ ပြုံးပျော်နေကြတဲ့ ကောင်လေးနှစ်ယောက်နဲ့တူတူ ဝင်တော့မဲ့နေမင်းကို မေ့လျော့နေတဲ့ နေကြာပန်းခင်းကြီးပါ အပြိုင်လှပနေသည်....။
🌻🌻🌻🌞🌻🌻🌻
" တယ် တက်ကြွနေပါလား ရီဖန် "
ဆိုင်ထဲကိုအပြုံးပန်းတွေ ဝေဝေဆာဆာနဲ့ ဝင်လာတဲ့ ရီဖန့်ကို ဒါရာ လှမ်ရ၍စလိုက်သည်.....။ ရီဖန်တစ်ယောက် အိတ်ချိတ်နေရမှ ပြန်ဖြေသည်.....။
" ဟုတ်လား ကျွန်တော်ကတော့ ပုံမှန်ပါပဲ "
" အေးပါ ပုံမုန်ပါပဲ မူမမှန်တာကတော့ မင်းရဲ့ မျက်လုံးတွေပဲ "
YOU ARE READING
ပန်းဆက်သမား
Fanfictionပုဂံ ရာဇဝင်ထဲက ပန်းဆက်သမားလေး ဗျတ္တ နဲ့သူ့ချစ်သူ ပန်းဆက်သရသူကို စွဲလမ်း နေတဲ့ ကျွန်တော် နဲ့ ပန်းချစ်သူ ကောင်လေး