နှင်း(ႏွင္း)

1K 138 26
                                    

အပိုင်း ( သုံး )

ဒီ​နေ့ရာသီဥတု သာယာ​နေသည်​....။ နှင်​းကျရန်​ ၉၉.၉ ရာခိုင်​နှုန်​းဟု သတင်​းတွင်​ကြား​နေရသည်​....။

ကိုရီးယား လိုနိုင်​ငံမျိုးမှာ နှင်​းကျတာမဆန်​းပါ....။ ပထမဦးဆုံး နှင်​းကို ​တောင်​းဆုပြုလျှင်​ ပြည်​့တတ်​တယ်​ ဆိုတာ နှင်​းကျတဲ့ နိုင်​ငံ​တွေရဲ့ အယူတစ်​ခုလား ဒါမှမဟုတ်​......

🌻🌻🌻🌺🌻🌻🌻

ဒီ​နေ့ပွဲ​တွေ ရှိလို့ ဆိုင်​မှာ အလုပ်​​တွေ ရှုပ်​​နေကြသည်​....။ ဆိုင်​က သူ​ဌေးက လူသိများသူမို့ ပွဲ​တွေ အခမ်​းအနား​တွေ အတွက်​ ပန်​းမှာရင်​ ဤဆိုင်​တွင်​ ဝယ်​ယူကြသည်​....။

" ဒါရာ "

" ဟုတ်​ "

ဒါရာ ပန်​းစည်​း​တွေ လုပ်​​နေရင်​းနဲ့ ပြန်​​ဖြေလိုက်​သည်​....။

" မ​နေ့က ခြံထဲသွားတာ အဲ့မှာ ပိုးကျတဲ့အပင်​​တွေ ​တော်​​တော်​များ​နေလား "

" ဟုတ်​ သူ​ဌေး များပါတယ်​ အဲ့ဒါ ဒီ​နေ့ ရီဖန်​့ကို လွှတ်​လိုက်​မယ်​လို့ ​ပြောခဲ့တယ်​ "

" ရီဖန်​က ပန်​းခြင်​ပို့တဲ့အဖွဲ့နဲ့ လိုက်​သွားမှာမဟုတ်​လား "

" ဟုတ်​သားပဲ အဲ့ဒါကိုဒါရာက အဲ့လို​ပြောခဲ့တာ "

သူ​ဌေး​ပြောမှ သတိရဟန်​နဲ့ အားနာသလို သူ​ဌေးကို လှမ်​းကြည့်​့သည်​....။ သူ​ဌေးက စဉ်​းစား​နေပုံပင်​ ......

" ဒါဆို ဒါရာ လိုက်​သွားလိုက်​ ရီဖန်​့ကို ခြံထဲလွှတ်​လိုက်​မယ်​ "

" ဟုတ်​ "

" ရီဖန်​ကို သွား​ခေါ်လိုက်​ "

" ဟုတ်​ သူ​ဌေး "

ဒါရာ လုပ်​လက်​စကို ထားခဲ့လိုက်​ပြီး ဆိုင်​အ​နောက်​ကို ထွက်​လာခဲ့သည်​...။

ဆိုင်​အ​နောက်​မှာ သွားပို့ရမယ့်​ ပန်​းခြင်​​တွေ နဲ့ ရီဖန်​ အလုပ်​ရှုပ်​​နေသည်​....။

" ရီဖန်​ သူ​ဌေး​ခေါ်​နေတယ်​ "

" ဟုတ်​ အစ်​မဒါရာ "

ရီ​ဖန်​ ပန်​းခြင်​​တွေကို တခြားတစ်​​ယောက်​နဲ့ ထားခဲ့လိုက်​သည်​....။ ဆိုင်​ထဲက ပြင်​ဆင်​​နေတဲ့ ပန်​း​တွေကို စစ်​​ဆေး​နေတဲ့ သူ​ဌေး​ဘေး လက်​အ​နောက်​ပစ်​ရင်​း ရပ်​လိုက်​သည်​....။

ပန်းဆက်သမားWhere stories live. Discover now