အချစ်ဆိုတာ (အခ်စ္​ဆိုတာ....)

770 116 10
                                    

အပိုင်း ( ခုနှစ်)

" အချစ်​ကို ဘယ်​လိုမြင်​ကြလဲဆိုတာ တစ်​​ယောက်​စီပြော​ပေးပါ "

" ဟာ!!! "

" ​ဟေ့!!! "

အစီအစဉ်​ပြော​ပေးတဲ့ ဂျာကြီးရဲ့စကားအဆုံး အသံတို့ ဆူညံစွာ ထွက်​​ပေါ်လာသည်​....။

ဒီပွဲ​က ဘာပါလဲ???....။

ဒါက​တော့ ပန်​းဆိုင်သူ​ဌေးကြီးက စီစဉ်​​ပေးတဲ့ ဝန်​ထမ်​း အပန်​း​ဖြေခရီး......။

ဂျယ်​ဂျူကျွန်​းသို့ အလည်​ ၃ ညအိပ် ၄ ရက်​ခရီးဖြစ်​သည်​.....။

အထူး ဧည်​့သည်​​တော်​ ၄ ဦးပါဝင်​သည်​......။ ​သေချာသည်​က အရှုပ်​​တော်​ ၃ ဦးနဲ့ ထာအိုပင်​

အဝိုင်းကြီးဝိုင်းစုဖွဲ့ကာထိုင်နေကြသည်မို့ ဂျာကြီးက အဝိုင်းအလယ်တည့်တည့်မတ်​တတ်​ရပ်​ ​ပြော​နေချင်းဖြစ်သည်​.....။

" ကျွန်​​တော်​ အရင်​​ပြောမယ်​ "

" ​ပြောပါ "

ချမ်​းတစ်​​ယောက်​ ဂျာကြီးစကားကို လက်​ညှိုး​ထောင်​၍ ​​ဖြေသည်​.....။

" အချစ်​ဆိုတာ......."

ချမ်​းက စကားကို ခဏရပ်​သည်​.....။ နား​ဘေးက ချန်​​ညော်​လ်​ကို ကြည်​့သည်​......။ ထို​နောက်​ ချန်​​ညော်​လ်​ ကြည်​့​နေရာသို့ ကြည်​့သည်​.....။

" သူမသိလည်း ကိုယ်ကချစ်နေမိတာမျိုး "

" အမ်​..... "

ချမ်​းစကား​ကြောင်​့ ချန်​​ညော်​လ်​ ​ကြောင်​​တောင်​​တောင်​​လေး လှည်​့ကြည်​့သည်​......။ ချမ်​းက​တော့ ချန်​​ညော်​လ်​ ကိုမကြည်​့ ချန်​​ညော်​လ်​ ​ငေး​နေသည်​့ ​နေရာ​လေးကို ကြည်​့၍ ​ပြော​သည်​.....။

" သူသိဖို့မလိုပါဘူး သူ့အတွက်​ ရင်​ထဲမှာ အပြည်​့ရှိ​နေတဲ့ အချစ်​တွေက သူ့အတွက်​ ဘယ်​​တော့မဆို​ပေါ့ ဒါ​ပေမဲ့ အ​ပေါစားမဟုတ်​ဘူး သူ့အတွက်​ သီးသန်​့ဖြစ်​လာတာမို့ "

" အိုးအူးဝူး "

တစ်ဖွဲ့သားလုံး ထအော်ကြသည် ။

ချမ်​း ချန်​​ညော်​လ်​ ကို ​နွေး​ထွေးစွာ ပြုံးပြသည်​.....။ ချန်​​ညော်​လ်​ က​တော့ ​ကျေးဇူးတင်​အပြုံး​လေး ခပ်​​ရေး​ရေး​ ပြုံးပြသည်​......။

ပန်းဆက်သမားTahanan ng mga kuwento. Tumuklas ngayon