သံယောဇဉ် (သံ​ေယာဇဥ္​ )

694 102 6
                                    

အပိုင်း ( ရှစ်)

ထာအို စားပွဲခုံပေါ် တင်​ထားတဲ့​ ​ကော်ဖီခွက်​ကိုယူ၍ ရီဖန်​နားကပြတင်းပေါက်​ ဘောင်​ကို မှီကာအရသာခံ​သောက်​​နေသည်​.....။

" ရီဖန်​ ​ဖေ​ဖေ့ဆီမှာ အလုပ်​ဆင်းတော့မယ်​ဆို "

" အင်းဟုတ်​တယ်​ "

အစိမ်းရောင်​ အရွက်​ရှည်​ရှည်​​တွေကို စိမ်​​ပြေန​ပြေ ထိုင်​သုတ်​​နေတဲ့ ရီဖန်​က​တော့ ခပ်​​ရေး​ရေး​လေ ပြုံး၍​ဖြေရှာသည်​.....။

" ​ပျော်​​နေတာလား "

ပြုံး​နေတဲ့ ရီဖန့်ကို ထာအိုစိုက်​ကြည့်၍​ မေးလိုက်​သည်​.....။

" ​ပျော်​တာ​ပေါ့ ကိုယ်​ချစ်​တဲ့ အလုပ်​ကိုလုပ်​ရမှာပဲ "

ရီဖန်​က​တော့ ဦးတည်​ချက်​မဲ့ငေးကြည့်၍​ဖြေလိုက်သည်​......။ အပြုံးက​တော့ မပြတ်​....။ အပျိုဖြန်းလေး ရည်းစားစကား အ​ပြောခံရသလိုပုံနှင့်......။ ရင်​ခုန်​​နေပုံရသည်.....။

ထာအို ​ခေါင်းကို တစ်​ချက်​ရမ်း ​​လိုက်​သည်​....။ ရီဖန်​ဆိုတာ ထိုသို့လူမဟုတ်​ပါလား.....။

" အလုပ်​ပဲလား "

" ဘာလားဟ မင်းပြောတာကြီးက "

ထာအို အ​မေးကို မျက်​လုံး​လေးပြူး၍ ပြန်မေး​နေ ​သေးသည်​.....။ သူဘာမှမသိသည်​ပုံ​.....။

" မင်းသိပါတယ်​ "

ထာအိုရုပ်​တည်​ကြီးနဲ့ ပြော​နေတာ​တွေ့​တော့

" ဟားးး "

ဟု ဖြီးချသည်​.....။

"ချန်​​​ညော်​လ်​ တို့က......

ထာအို စကားစကိုရပ်​ လိုက်​သည်​....။ အေးစပြု​နေတဲ့ လက်​ထဲက ကော်​ဖီခွက်​ကို ငုံ့ကြည့်​နေမိသည်​.....။

" အင်းဆက်​​ပြော ငါနားထောင်​​နေတယ်​ "

" ငါသိတယ်​ "

ရပ်​သွားတဲ့ စကားစကို ​ထောက်​ခံမှုပြုလိုက်​တဲ့ ရီဖန့်ကို ထာအိုခပ်​စူးစူးပြန်​ကြည့်လိုက်​သည်​....။

" ချန်​​ညော်​လ်​က တစ်​ဦးတည်းသော သား သူ့တို့မိသားစု ဆက်​ဆံ​ရေးက သာမန်​ပဲ တစ်​ဦးနဲ့ တစ်​ဦး ချစ်​တယ်​ ခင်​တွယ်​တယ်​ ဒါ​ပေမဲ့ ကိုယ့်အလုပ်​ကိုယ်​လုပ်​​နေကြတာ အပြင်​က အမြင်​ဆိုအေးစက်​စက်​ ဆက်​ဆံ​ရေး​ပေါ့ တကယ်​​တော့ ​နွေး​ထွေးတယ်​ "

ပန်းဆက်သမားWhere stories live. Discover now