နံပါတ်ကိုကြည့်လိုက်တော့ နက်ရှိုင်း၏ ဖုန်းနံပါတ် ။

TAO ခပ်မဲ့မဲ့လေး ပြုံးလိုက်ရင်း ဖုန်းပြောရန် မေ့မေ့အနားမှ ထလာခဲ့လိုက်သည် ။

"ဟဲလို......ဘာကိစ္စလဲ "

"......."

"သြော်...ဒါလား ...ငါ့ကား ၀ပ်ရှော့ရောက်နေလို့ နင့်ကားခဏယူသုံးတာပဲ ။ အဟင်း...ကိုယ့်ယောက်ျားရဲ့ ကားကို မိန်းမ ဖြစ်တဲ့ ငါက ယူသုံးတာ ဘာဆန်းလဲ"

"............"

"လာပြန်မပို့နိုင်ဘူး ၊ ငါဆိုင်ရောက်နေပီ နင်လိုချင် နင့်ကား နင့်ပြန်လာယူ "

"........."

ခပ်ပြတ်ပြတ်ပြောပြီး ဖုန်းပိတ်ပစ်လိုက်သည် ။

"သမီး ...ဘယ်သူလဲ "

"KRIS ပါမေမေ ။ သူ့ကားယူမောင်းလာလို့ ဖုန်းလှမ်းဆက်တာ"

"သမီးကားရော..."

"၀ပ်ရှော့ပို့ထားလို့မေမေ"

"ဒါဆိုလည်း အတူတူလာရောပေါ့ သမီးရယ် ၊ ဘာလို့ တစ်ယောက်တည်း ထွက်လာရတာလဲ"

မိခင်၏ အပြစ်တင်သံ ခပ်အေးအေးကို TAO စောဒကမတက်ဘဲ ငြိမ်နားထောင်နေလိုက်သည် ။ တအောင့်ကြာတော့ KRIs ရောက်လာသည် ။

"ဟော......သားတောင် ရောက်လာပြီ"

"ဟုတ်ကဲ့မေမေ"

ယောက္ခမဖြစ်သူက ပြုံ့းချိုသော မျက်နှာဖြင့် နွေးထွေးစွာ ဆက်ဆံသဖြင့် KRIS လည်း ရိုရိုသေသေပင် ပြန်ဖြေလိုက်သည် ။

TAo မှာသာ ကိုယ့်အမေကို မေမေဟုခေါ်လိုက်သော KRIS ၏ခပ်နွေးနွေး အသံကြောင့် ရင်ထဲမှာ ဘာရယ်မဟုတ် နွေးထွေးသွား၏ ။

ကိုယ့်ကို မုန်းတယ်လို့ပြောနေသော ယောက်ျားတစ်ယောက်က ယောက္ခမဖြစ်သူကို ရိုရိုသေသေပြောနေသဖြင့် အံ့သြခြင်းနှင့်အတူ သူ့ကို ကျေးဇူးတောင်ပြန်တင်ပေးရမလိုပင် ။

"သား........မောနင်းစာဘာစားပြီးပီလဲ ၊ မေမေတစ်ခုခုစီစဉ်ခိုင်းလိုက်ရမလား"

"ဟာ....ရတယ်မေမေ ၊ ကျွန်တော်စားခဲ့ပြီးပီ ။ ဘာမှ မစီစဉ်ခိုင်းဘာနဲ့တော့ "

HATE RACEHikayelerin yaşadığı yer. Şimdi keşfedin