Part 39

3.9K 293 40
                                    

မဟာအိမ်တော်ရဲ့ ဧည့်ခန်းထဲမှာ သုတ၊Rueနဲ့ ဝေဟင်မိုးသားတို့ကလွဲ လူစုံတက်စုံရှိနေပြီး လူတိုင်းရဲ့ မျက်လုံးကလည်း သူတို့ရှေ့မှာ ဒူးထောက်ထိုင်နေတဲ့ မောင်နှမနှစ်ယောက်ဖြစ်တဲ့ ‌ဟိန်းမင်းနဲ့ မေသွန်းဆက်လို့အားလုံးသိထားတဲ့ ဒေလီယာတို့ဆီကို ရောက်နေကြတယ်။

"အဲ့တော့ မင်းဘက်ကဘာဖြေရှင်းချက်ပေးချင်လဲ...."

ဒေလီယာ ဦးသူရိန်မဟာရဲ့ မေးခွန်းကို ဘယ်လိုပြန်ဖြေရမလဲတောင်မသိတော့ဘူး။ ဒီကိစ္စအတွက် သူအများကြီးအားစိုက်ထားရတာ။ ခုတော့ နေ့ချင်းညချင်းပျက်စီးသွားတော့မှာလား.....

"မင်း အမှန်တိုင်းပြောတာကောင်းလိမ့်မယ် မေသွန်းဆက်...ဘယ်ဟုတ်မလဲ....
ဒေလီယာ...."

ဒေလီယာ ပထမတော့နှုတ်ဆိတ်နေပေမယ့် ထိပ်တန်းမဟာဆီက မေးခွန်းကိုကြားလိုက်ရတဲ့အချိန်မှာတော့ သူတစ်ခုခုကို အမြန်ကြံစဉ်ရမယ်ဆိုတာကို သဘောပေါက်လိုက်တယ်။ အနည်းဆုံးတော့ သူ့မှာကိုယ်ဝန်ကျန်သေးတာပဲ.....

"ကျွန်မတောင်းပန်ပါတယ်....ကျွန်မ...ကျွန်မ မဆင်ခြင်ပဲ လုပ်လိုက်မိတာပါ။ ဒါပေမယ့်... ဒါပေမယ့်လေ ကျွန်မကိုယ်ဝန်ကတော့ ကိုထိပ်တန်းနဲ့ရတဲ့ ကိုယ်ဝန်ပါ။ ကလေးကိုထောက်ထားသောအားဖြင့်....."

"တော်လိုက်တော့...."

ထိပ်တန်း ဒေလီယာဆိုတဲ့ မိန်းမရဲ့ စကားမဆုံးခင်မှာပဲ ဖျက်ပြောလိုက်တယ်။ ဒီလောက်အဖြစ်မှန်တွေပေါ်နေပြီဆိုတာတောင် ဒီမိန်းမ ဆက်လိမ်နေရဲသေးတယ်....

"ကိုထိပ်တန်း...ကျွန်မ အမှန်တိုင်းပြော...."

"တော်ပါတော့! မမရာ...မမရဲ့ ဗိုက်က ဟိုသေသွားတဲ့ကောင်ရဲ့ ‌ဗိုက်လေဗျာ....အမှန်တိုင်းပြောလိုက်ပါတော့။ အဲ့လိုမှမဟုတ်ရင် ကျွန်‌တော် အကျွေးမဆပ်နိုင်ပဲသေလိမ့်မယ်ဗျ...."

ဒေလီယာ မောင်ဖြစ်သူဆီက ကြားလိုက်ရတဲ့ စကားတွေကြောင့် ဒေါသစိတ်ရော၊ ဝမ်းနည်းစိတ်ရော ပုံကြလာတယ်။ ဘယ်လိုတောင် သုံးစားမရတဲ့ မောင်လဲ။ ဒီကိစ္စတွေ ပေါ်သွားရင် ဘာတွေဖြစ်လာမယ်ဆိုတာ နားမလည်ဘူးလား....

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now