Part 12

4.1K 182 127
                                    

"ကိုကို နိုးပြီလား...တစ်ရက်လုံးတောင် အိပ်နိုင်တယ်နော် ကိုကိုက တကယ်ကို အိပ်ပုပ်ကြီးတာပဲ...."

လပြည့် နိုးလာတာနဲ့ ကြားလိုက်ရတဲ့ အသံကြောင့် သူကြုံတွေ့ခဲ့ရတဲ့ အရာတွေက အိမ်မက်မဟုတ်မှန်း သေချာသွားတယ်။ ကိုယ့် ခန္ဓာကိုယ်ကို ပြန်ကြည့်တော့လဲ ညဝတ်အင်္ကျီဝတ်ထားပြီးသား ဖြစ်နေတယ်။ ဟို အရိုင်းအစိုင်းကောင် ဝတ်ပေးထားတာပဲ နေမှာ။

"ကျွန်တော့်ကို ဘာလို့ စိုက်ကြည့်နေတာလဲ။ နောက်လည်း မိုးလင်းက မိုးချုပ် မြင်ရမှာပဲကို....သိပ်လောဘမကြီးပါနဲ့...."

"ပုံစံကိုက စောက်ချိုးမပြေဘူး...."

"ဘာကြီး! ကိုကို ကျွန်တော့်ကို ဆဲလိုက်တာလား...."

နိုးလာတာနဲ့ သူ့ကိုယ်သူအသဲအသန်တွေ ပြန်ကြည့်ပြီး အဝတ်အစားတွေတွေ့တော့မှ ကိုယ့်ကို စူးစိုက်ကြည့်နေတဲ့ ကိုကို့ကို နည်းနည်းလောက်စလိုက်မိပါတယ် ထူးထူးခြားခြား ကိုကို့ဆီက ဆဲတာကို ပထမဆုံးကြားလိုက်ရတာပဲ...

"အဆဲမခံချင်ရင် အချိုးပြေအောင်နေလေ...လူယုတ်မာကောင်ရဲ့ အရိုင်းအစိုင်းကောင်ရဲ့...."

"ဟားးးဟားးးထားပါတော့ ဒါနဲ့ ဂုတ်က ဘယ်လိုနေလဲ...."

"ဂုတ်!"

လပြည့် ထိုအရိုင်းအစိုင်းကောင်ပြောမှ သတိထားမိတယ်။ သူ့ဂုတ်က စပ်ဖျင်းဖျင်းဖြစ်ပြီး နာနေတယ်။

"ဂုတ်! မဟုတ်မှလွဲ! မင်း!!!!"

‌လပြည့် ကုတင်ပေါ်က အမြန်ထပြီး မှန်ဆီသွားကာ ဂုတ်ကို ကြည့်လိုက်တယ်။

"ထိပ်...ထိပ်တန်း...မင်းငါ့ကို အမှတ်အသားပေးလိုက်တာလား...ဒါယာယီအမှတ်အသားမှ မဟုတ်တာ....မင်းရူးသွားပြီလား..."

"ကိုကို့ကို ချစ်လို့ ကျွန်တော့်အပိုင် အဖြစ် သတ်မှတ်လိုက်တာလေ...ချစ်လို့ အပိုင်လိုချင်လို့ ခိုးပြေးပါတယ်ဆိုမှ ယာယီအမှတ်အသားပေးပြီး ဘာလုပ်ရမှာလဲ....."

လပြည့် ဝမ်းပဲသာရမလား ဝမ်းပဲနည်းရမလား မသိတော့ဘူး။ မမျှော်လင့်ထားပဲ ထိပ်ထိပ်ဆီက တန်ဖိုးထားပြီး တစ်သက်တာ အမှတ်အသားရတာကြောင့် ပျော်ပေမယ့် တစ်ဖတ်မှာလဲ ဝေဟင်သာသိသွားခဲ့ရင် ဆိုတဲ့ အတွေးနဲ့ စိတ်မကောင်း ဖြစ်မိတယ်။ အဲ့ထက်ဆိုးတာက အရင်ကအကြောင်းတွေသာ ထိပ်ထိပ်သိသွားရင်.......

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now