Part 35

3.6K 260 37
                                    

"Rue....."

"မောင်.....အဟင့်...."

နေသစ် အိမ်ပြန်ရောက်ရောက်ချင်း အခန်းထဲကိုပြေးသွားရတာ။ သူ့မှာ စိတ်ပူလွန်းလို့သေတော့မယ်။

"Rue ရာ....မောင် စိတ်ပူလိုက်ရတာ....."

"ဒယ်ဒီကျွန်တော်တို့ သွားတော့မယ်နော်....."

ထိပ်တန်းတို့လည်း ‌ဒယ်ဒီရောက်လာတာကြောင့် ရှောင်ပေးဖို့လုပ်လိုက်တယ်။ခုချိန်မှာ ပါးပါး နဲ့ ဒယ်ဒီတို့ နှစ်ယောက်တည်းရှိနေတာက ပိုအဆင်ပြေတယ်လေ....

"Rue...ဘာတွေဖြစ်ကြတာလဲ။ မောင့်ကို ပြောပြစမ်းပါကွာ...."

"အဟင့်...အဟင့်...အဲ့တာက အရမ်းကြောက်ဖို့ကောင်းတယ်...."

နေသစ် လမ်းမှာ သတင်းကြားတုန်းက Rue ကဘာစကားမှမပြောပဲ တုန်ရီနေတယ်ဆိုလို့ သေမတက်စိတ်ပူခဲ့ရတာ။ ခုကြလည်း သူ့မြင်တာနဲ့ ငိုလို့ စိတ်ပူတာလျော့သွားပေမယ့် ‌အနားမှာ မရှိပေးနိုင်လို့ စိတ်မကောင်းဖြစ်‌မိတယ်။ ပိုဆိုးတာက အောင်မျိုးနိုင် ဆုံးပြီဆိုတဲ့သတင်းပဲ။ အဲ့လောက်ကြီးထိအခြေအနေဆိုးလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး......

"Rue ရယ်....မြိုသိပ်မထားနဲ့။ မောင့်ကို ပြောလိုက်..."

"ဟင့်အင်း...မောင်ယုံမှာမဟုတ်ဘူး။ Rue ကို ရူးနေတယ်လို့ပြောမှာ....အဟင့်!"

"မောင်က ပြောစရာလားကွာ....မောင့်ကိုပြောပြနော်...."

"မောင်တကယ်ပြောတာလား...."

"တကယ်ပြောတာပါကွာ ...."

"အဟင့်! အဲ့တာက ဒီလို...."

Rue အဲ့အခြေအနေကြီးကို ပြန်ပြီးမတွေးချင်တော့ပေမယ့် မောင့်ကိုတော့ပြောပြသင့်တယ်လို့ထင်တာပဲ။

" Rueက ရှိန်းကို မပျင်းရအောင် တစ်ခုခုဖတ်ပြမယ်ဆိုပြီး ဒယ်ဒီတို့အိမ်မှာ စာအုပ်သွားယူတာ။ နောက်တော့ Rue စာအုပ်ယူပြီး ဒီဘက်ကိုပြန်လာခဲ့တယ်။ ရှိန်းက လူများတာမကြိုက်ဖူးဆိုလို့ အလုပ်သမားတွေကိုတောင် အခန်းနားမှာ ‌မနေဖို့ ပြောလိုက်သေးတယ်။ ပြီးတာနဲ့ Rue ရှိန်း အခန်းထဲဝင်တော့ ကိုအောင်မျိုးနိုင်ကိုတွေ့တယ်။ သူ့အင်္ကျီမှာ သွေးတွေ....အဟင့်! ပြီးတော့ ရှိန်းကိုကြည့်လိုက်တော့ ရှိန်းကလည်းသွေးတွေထဲ မှာလဲနေတယ်။ အဲ့တာနဲ့ အကူအညီခေါ်ဖို့လုပ်တုန်း အဲ့လူကြီးက Rue ကို စော်ကားဖို့လုပ်တယ်....အီးဟီး!....."

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now