Part 36

3.1K 264 93
                                    

"ရှိုင်း...မင်းနဲ့ကိုကြီးလပြည့်နဲ့ မနေ့က
နေ့လည်က ဘယ်ကိုသွားတာလဲ..."

မနေ့က ကိစ္စကို ဒီနေ့ည အိပ်ချိန်မှ ထမေးတဲ့ ဝေဟင့်ကြောင့် ရှိုင်းလည်း မသိ‌ချင်ယောင်ဆောင်ပြီး အိပ်နေလိုက်တယ်။ ဝေဟင့်ဆီက ထိုမေးခွန်းကိုကြားရမယ်ဆိုတာ ရှိုင်းသိပြီးသားပါ။ ဒါပေမယ့် ခုမှမေးမယ်လို့တော့မထင်ထားဘူး။ ဘာပဲဖြစ်ဖြစ် သူ့အစီအစဉ်တွေကို ဝေဟင်သိလို့မဖြစ်ဘူး။ဝေဟင်က ဒီကိစ္စတွေကို ကိုင်တွယ်နိုင်လောက်တဲ့အထိ မရင့်ကျက်သေးဘူး။ ဝေဟင်သာ ဖွားဖွားဟေမာတို့‌အကြောင်းသိသွားကြည့်ပါလား။ ချက်ချင်းပြဿနာတက်မှာကျိန်းသေပဲ....

"ငါမေးနေတယ်လေ...."

ဝေဟင် သူမေးနေတာကိုတောင် အရေးမလုပ်ဘဲ နဖူးပေါ်လက်တင်ပြီး အိပ်ချင်‌ယောင်ဆောင်နေတဲ့ ရှိုင်းကြောင့် ဝမ်းနည်းလာတယ်။ ဘာကြောင့်လည်း မသိပေမယ့် ခုရက်ပိုင်း စိတ်က အပြောင်းအလဲ၊အတက်အကျ အရမ်းမြန်နေတယ်....

"ရှိုင်းလို့...ငါ့ကိုလည်း အဖတ်လုပ်ပါဦး အဟင့်....အဟင့်!"

ရှိုင်း ပထမတော့မကြားချင်ယောင်ဆောင်နေပေမယ့် ဝေဟင့်ဆီက ရှိုက်သံသဲ့သဲ့ကြားလိုက်ရတာကြောင့် မနေနိုင်တော့ဘဲ ဝေဟင့်ရဲ့ ခေါင်းလေးကိုအသာမကာ သူ့လက်မောင်းပေါ်တင်ပေးလိုက်တယ်။ ထိုခေါင်းသေးသေးလေးကလည်း အလိုက်တသိပဲ ရှိုင်းရဲ့နားကို ပိုနီးနီးကပ်ကပ်တိုးလာခဲ့တယ်။

"ငါမေးတာဖြေလို့ဆို...."

"အွန်း...."

"ဘာအွန်းလဲ...."

"အပြင်သွားတာကိုပြောတာမလား...."

"ဟာ....အပြင်သွားတာကို ငါသိတယ်လေ။ ငါမေးတာက ဘာသွားလုပ်တာလဲလို့....."

"ခုမင်းမသိသင့်သေးဘူး ဝေဟင်..."

"ငါမသိသင့်ဘူးဆိုတာ ဘာစကားကြီးလဲ။ အဲ့တာကဘာမို့လို့ ငါက မသိသင့်တာလဲ။ မင်းနဲ့ ကိုကြီးလပြည့်နဲ့က...."

"ရှူး....တော်တော့..."

ဝေဟင် အလောတကြီးပြောနေတုန်း ရုတ်တရက် ဝေဟင့်ရဲ့ နှုတ်ခမ်းပေါ် လက်ညှိုးလာတင်တဲ့ ရှိုင်းကြောင့် ဝေဟင်လည်း ပြောလက်စကို ရပ်လိုက်ရတယ်....

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now