Part 38

5.3K 372 90
                                    

"ဟဲ့ရောင် မပြေးနဲ့!!!!"

"အဲ့ကောင်ကို ရအောင်ဖမ်း!!!"

ဟိန်းမင်း သူ့နောက်ကပြေးလိုက်နေတဲ့ အဖွဲ့ကြောင့် ‌အမောဆို့မတက်ပြေးလွှားနေရတယ်။ သူဘယ်လောက်ပဲပြေးနေပါစေ ‌သူ့နောက်က လိုက်လာတဲ့ အဖွဲ့ကသူနဲ့တဖြည်းဖြည်းနီးကပ်လာတာကြောင့် လမ်းမကြီးကနေရှောင်ပြီး လမ်းသွယ်လေးတွေကြားကိုပြေးဝင်လိုက်တယ်။ အဲ့နောက်မှာတော့ တိုက်ကြိုတိုက်ကြားကနေကျော်ခွပြီး ပြေးလွှားနေလိုက်တယ်....

"မင်းပြေးလို့ရမယ်ထင်နေတာလား..."

"ဟမ်!....."

ဟိန်းမင်း တိုက်ကြားတွေထဲကပြေးနေတုန်း သူ့ရှေ့မှာ လာပိတ်ရပ်လိုက်တဲ့ လူမိုက်အဖွဲ့ခေါင်းဆောင်ကြောင့် ခြေလှမ်းတွေကိုရပ်လိုက်ပြီး အနောက်ကိုပြန်လှည့်ပြေးဖို့လုပ်လိုက်တယ်။ ဒါပေမယ့် သူအနောက်လှည့် ပြေးမလို့လုပ်လိုက်တဲ့အချိန်မှာပဲ အနောက်မှာလဲ ထိုအဖွဲရဲ့နောက်လိုက်အချို့က ကြိုရောက်နေကြပြီ....

"လန့်နေပြီလား....ဘယ်မှာလဲ ငါ့ပိုက်ဆံ သိန်းငါးရာ...."

"ဟို....ဟို ငါပေးမှာပါကွာ....ငါ...ငါ...."

"ဒီကောင်စကားထစ်နေတယ်နဲ့တူတယ်ကွ...ဟားးးဟားးးး"

"ဟားးးးဟားးးးးဟားးးးးးဟားးးးးး"

ဟိန်းမင်း သူ့ကို ဝိုင်းလှောင်နေတာကိုသိပေမယ့် ခုချိန်မှာ အသတ်မခံရဖို့က ပိုအရေးကြီးနေတယ်။ ဟိန်းမင်း ကြံရာမရတဲ့အဆုံး ထိုခေါင်းဆောင်ရဲ့ ရှေ့ကိုအမြန်ပြေးသွားပြီး ဒူးထောက်ချကာ ထိုလူ့ရဲ့ခြေသလုံးကို ဖတ်ပြီး  အမြန်ပဲတောင်းပန်လိုက်တယ်။

"ငါတောင်းပန်ပါတယ်ကွာ.....ငါ...ငါ အကုန်ပြန်ပေးမှာပါ။ ငါ့အမက ခုဆို မဟာအိမ်တော်ကလူနဲ့ လက်ထပ်တော့မှာ...."

"စောက်ပိုတွေမပြောစမ်းပါနဲ့ကွာ....မင်းအမလို ဖာသာသာအဆင့်နဲ့ မဟာအိမ်တော်...
ဟားးဟားးးဟားးးဟဲ့ရောင်တွေ သူ့အမက မဟာအိမ်တော်ကလူနဲ့ လက်ထပ်မှာတဲ့ကွ။ ဘာလဲ အဲ့အိမ်ကခြံစောင့်နဲ့လား။ ဒါပေမယ့်အဲ့အိမ်က ခြံစောင့်ကစ ဘောစိကွ ဟားးးဟားးးးဟားးးး...."

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now