Part 37

3.9K 254 45
                                    

ဒေလီယာဘာ‌ဆက်လုပ်ရမှန်းကိုမသိတော့ဘူး။ မောင်လေးပုံကြည့်ရတာလည်း တော်တော်လန့်နေတဲ့ပုံပဲ။ တကယ်ပဲ ဘာဆက်လုပ်ရမှာလဲ.....

"အား!!!ရူးချင်လာပြီ...ဒီအချိန်မှာ ထိပ်တန်းမဟာကို လက်ထပ်ဖို့ကိစ္စလည်း ပြောလို့ရမှာမဟုတ်ဘူး။ ဒီအိမ်ကလည်း ဘာလို့ဒီလောက်ထိပူလောင်နေမှန်းကိုမသိတော့ဘူး။ ဟိုကောင်ကလည်း သူနဲ့ပေါင်းကြံပါမယ်ဆိုမှ ‌ရက်ပိုင်းတောင်မခံဘူးသေသွားတယ်။ ခုဒီပိုက်ဆံကို ဘယ်လိုရှာရမှာလဲ။ ခိုးရမှာလား။ ဟာ မဖြစ်သေးပါဘူး။ ကြံစမ်းပါ........"

ဒေလီယာ တော်တော်အကြံအိုက်နေပြီ။ ဘယ်လောက်ဆိုးတာဖြစ်နေပါစေ။ လုပ်မယ်ဆိုတာကိုတောင် အဲ့လိုဆိုးဖို့ အကြံကထွက်မလာဘူး။ ဒုက္ခတော့ရောက်တော့မှာပဲ....
______________

ဝေဟင် အခန်းထဲမှာ ထိုင်နေရလို့ပျင်းနေပြီ။ရှိုင်းကလည်း ကိုကြီးလပြည့်နဲ့ထပ််ထွက်သွားပြန်ပြီ။ သူ့ကိုရော ကိုကြီးလပြည့်ကိုရောယုံပေမယ့် သူကြကိုယ့်ကိုမယုံပေးနိုင်လို့အသိမပေးတာမလား။ အဲ့တာကိုတွေးမိတိုင်း စိတ်မကောင်းဖြစ်မိတယ်။

ဒေါက်! ဒေါက်! ဒေါက်!

"ဘယ်သူလဲ ခင်မျ...."

"ကျွန်တော် code 7 ပါ။ သခင်လေးရဲ့ အဖေဖြစ်သူရောက်နေပါတယ်...."

"အော်...ဟုတ်ကဲ့ ကျွန်တော် လာပြီ...."

ဝေဟင် ဒယ်ဒီရောက်နေတယ်ဆိုတဲ့ အသံကြားတာနဲ့ တော်တော်ပျော်သွားတယ်။ ဒယ်ဒီက သူ့ကို စိတ်ဆိုးပြီးမတွေ့တာကြာပြီလေ။ တွေ့ရင်တောင် စကားမပြောဘဲ ရှောင်သွားနေကြမို့ ဝေဟင်လည်း အိမ်ဘက်ကိုမသွားဖြစ်ဘူး။ ခုတော့ ဒယ်ဒီကိုယ်တိုင်လာတယ်ဆိုတော့ တော်တော်ကို ဝမ်းသာမိတယ်....
-
-
-
"ဒယ်ဒီ....."

ဝေဟင် အောက်ထပ်ရောက်လို့ ဒယ်ဒီ့ကိုတွေ့တာနဲ့ အရဲစွန့်ပြီး ခေါ်လိုက်တယ်....

"သားလေး...."

ဒယ်ဒီ့ဆီက သားလေးဆိုတဲ့ ခေါ်သံကိုကြားမှ ဝေဟင် စိတ်အေးသွားတော့တယ်။ သူ့ကို ဒယ်ဒီစိတ်ဆိုးပြေပြီထင်တယ်.....

"ဒယ်ဒီ....ကျွန်တော့်ကို စိတ်မဆိုးတော့ဘူးလားဟင်...."

"သားရယ်....ဒယ်ဒီက မင်းကို ဘယ်လိုလုပ်အကြာကြီးစိတ်ဆိုးရက်မှာလဲကွာ။ ဒယ်ဒီစိတ်ဆိုးပြေတာ ကြာပါပြီ။ မင်းများလာမလားဆိုပြီး မျှော်နေတာ။ မင်းက မလာတော့ နောက်ဆုံးငါလိုက်လာခဲ့တာပေါ့...."

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Opowieści tętniące życiem. Odkryj je teraz