Part 27

3.9K 264 52
                                    

ကျွီ..........

ထိပ်တန်း အိပ်နေတုန်း အခန်းတံခါးဖွင့်သံကြားလိုက်တာကြောင့် ကိုကိုဝင်လာမှန်းသိလိုက်တယ်။ ပထမတော့ ကုတင်နားလျှောက်လာတဲ့ ခြေသံကြားတာကြောင့် ကုတင်ပေါ်လာအိပ်တော့မယ်ထင်နေတုန်းရှိသေး အခန်းတံခါးဘက်ပြန်လျှောက်သွားတဲ့အသံ ကြားလိုက်တာကြောင့် ချက်ချင်းထထိုင်ပြီးလှမ်းကြည့်လိုက်တယ်။ သူလှမ်းကြည့်လိုက်‌တော့ ခေါင်းအုံးနဲ့ စောင်ကိုပိုက်ကာ အခန်းအပြင်ကိုထွက်ဖို့လုပ်နေတဲ့ ကိုကို့ကို တွေ့လိုက်ရတာပဲ.........

"ကိုကို!"

လပြည့်အခန်းပြင်ထွက်မလို့လုပ်နေတုန်း အနောက်ကလှမ်းခေါ်တဲ့ အသံကြားတာကြောင့် တံခါးနားမှာပဲ ရပ်နေမိတယ်။ အနောက်ကိုတော့ လှည့်မကြည့်ဖြစ်ပါဘူး။ ကြည့်ချင်စိတ်လည်းမရှိဘူး.....

"ဘယ်သွားမလို့လဲ။ ဝေဟင့်အခန်းထဲမှာ ရှိုင်းရှိတယ်...."

"ငါသိတယ်...."

သိတယ်လည်းပြောသေး အခန်းတံခါးကိုဖွင့်ဖို့လုပ်နေတဲ့ ကိုကို့ကြောင့် ထိပ်တန်းဒေါသထွက်လာမိတယ်.....

"သိနေတာတောင် ဘာသွားလုပ်မှာလဲ...."

"ရှိန်းဆီသွားအိပ်မလို့...."

"ဘာသွားလုပ်မှာလဲ ညီလေးနဲ့ဖေဖေအိပ်လိမ့်မယ်....."

"ကိုသုတနေမကောင်းဖြစ်နေတာမင်းမသိဘူးလား....အော်... sorry...မင်းကမွှန်နေတော့ ဘယ်သိမှာလဲ....."

"ဘာ!"

ထိပ်တန်း ကိုကို့ဆီက ခနဲ့တဲ့တဲ့စကားကြားလိုက်ရတဲ့အချိန် ဒေါသထွက်လွန်းတာကြောင့် ကိုကို့နားကို ချက်ချင်းထသွားလိုက်ပြီး ကိုကို့လက်မောင်းကကိုင်ကာ မျက်နှာချင်းဆိုင် ဆွဲလှည့်လိုက်တယ်။

"ပြန်ပြော....ကျွန်တော်က ဘာဖြစ်တယ်....
ကျစ်! ဒီဘက်ကိုလှည့်!"

"ငါ့ကိုလွှတ် ထိပ်တန်း!!"

သူ့ကိုအတင်းဆွဲလှည့်နေတဲ့ ထိပ်တန်းရဲ့ လက်ထဲက ရုန်းကာ ထိပ်တန်းကို ဆောင့်တွန်းလိုက်တယ်။ ကိုယ်မှားတုန်းကကြ သူ့မျက်နှာတောင်မော်မကြည့်ရဲခဲ့ဘူး။ ခုသူမှားလာတော့ကြ တောင်းပန်ဖို့တောင် အတွေးမရှိတဲ့အပြင် ကိုယ့်ကိုတောင် ဆွဲလားရမ်းလား လုပ်နေသေးတယ်......

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Donde viven las historias. Descúbrelo ahora