Part 16

3.7K 167 144
                                    

"မာမီ....ဒါက...."

"လာပါဆိုနေ...."

ဝေဟင် ကြောင်နေမိတယ်။ မာမီပြောတော့ သူ့ကို ဆေးရုံလိုက်ပို့ပေးမယ်ဆိုပြီး ခေါ်လာတော့ သားဖွားဆေးရုံကြီး.....

"မာမီ မှားနေပြီထင်တယ်...."

"ငါလုပ်သမျှက အမှန်တွေချည်းပဲ တစ်ခုမှ မှားတာမပါဘူး...."

ဝေဟင် လန့်နေမိတယ်။ မာမီက ဘာလုပ်ဖို့ သူ့ကို ဒီခေါ်လာလဲဆိုတာမသိဘူး။ ဆေးရုံကလည်း သွားနေကြဆေးရုံကြီးတွေလိုမဟုတ်ဘူး သာမန်ဆေးရုံလေး။ ဦးနှောက်ထဲ ပေါ်လာတာကလည်း သူက ခေါင်းလည်းမူးတယ် အန်လည်းအန်တယ် ဆိုတော့ ရုပ်ရှင်တွေထဲကလို...ဟာ...ပေါက်ကရ သူ့မှာ ရည်းစားတောင် မရှိတာ ဘယ်က ကိုယ်ဝန်ကရှိရမှာလဲ.....

"မောင်ဝေဟင်မိုးသား! ဝင်လို့ရပါပြီ...."

"သား...လာ..."

ဝေဟင်တကယ်ကို နားမလည်တော့ဘူး။ မာမီက အတည်ကြီး သူ့ကို ဒီမှာဆေးရုံပြနေတာလား။ ခေါင်းမူးပြီး အန်ချင်တာတောင် ဘယ်ရောက်သွားမှန်းမသိတဲ့ထိ လန့်နေမိတယ်။

"မာမီ.....သားကြောက်တယ်....မာမီဘာတွေ လုပ်နေတာလဲ ..."

"ကဲ...လာပါဆို...."

"လာ ကုတင်ပေါ်တက် ကိုယ်ဝန်အပ်မှာလား..."

"မဟုတ်ဘူး ဒေါက်တာ သားလေးက ခေါင်းမူးပြီး အန်နေတယ်ဆိုလို့ သေချာချင်လို့ပါ...."

"ဟင်!ဆီးစစ်တံ အရင်သုံးလေ ရော့ ခုသွားသုံးလိုက် ပြီးရင်ပြန်လာခဲ့....အော်သန့်စင်ခန်းက ဒီအထပ်မှာလည်းရှိတယ်နော်..."

"ဟုတ်ကဲ့ ဒေါက်တာ....လာသား....."

မာမီက ဒေါက်တာပေးတဲ့ ဆီးစစ်တံကိုယူကာ ဝေဟင့်ရဲ့ လက်ကို ဆွဲပြီး သန့်စင်ခန်းစီခေါ်သွားပေမယ့် ဝေဟင် ရုန်းမိတယ်။

"လွှတ်ပါမာမီ....မာမီ အခုဘာတွေလုပ်နေတာလဲ...သားကြောက်လာပြီ.....အဟင့်....လွှတ်ပါ ဒယ်ဒီ့ကို ဖုန်းဆက်ခေါ်လိုက်မယ်...."

‌"ပေးစမ်း....အဲ့ဖုန်း!!!"

ဒယ်ဒီ့ကို ဖုန်းခေါ်ဖို့လုပ်နေတုန်း ဝေဟင့်လက်ထဲက ဖုန်းကို အတင်းလုသွားတဲ့ မာမီ့ကြောင့် ဝေဟင် ပိုပိုပြီး လန့်လာတယ်.....

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now