Part 17

3.6K 183 92
                                    

"အဟင့်! ကျွန်တော့်လက်တွေက တွန်းလိုက်တာ...."

"ဟဲ့! ဝေဟင်မိုးသား....နင်ငိုနေတာကို ရပ်လိုက်တော့နော်..."

ဒေါ်သူဇာ စိတ်တော်တော်ညစ်နေပါပြီ။ ဆေးရုံက ပြန်လာထဲက တုန်တုန်ရီရီနဲ့ငိုနေတာ ခုထိမတိတ်သေးဘူး။ ဒီပုံစံနဲ့ဆို ဟိုကသေရင် အမှုပတ်တော့မှာကျိန်းသေပဲ။ အဲ့ကျရင်တော့ ကိုယ်လွတ်ရုန်းပြီး ဒီကောင်လေးတွန်းချလိုက်တာလို့ပြောရမှာပဲ။ တကယ့်စောက်ပြဿနာလေး။ မသိချင်ယောင်ဆောင်နေလိုက်ရင် ရရဲ့သားနဲ့.....

"မာမီ...သားကိုကြည့်ပါဦး...သားရဲ့လက်တွေကလေ...."

ကျွီ!

"ကိုလင်းသစ်!"

"ဝေဟင်! သားငိုနေတာလား.....သားသူငယ်ချင်းကိစ္စသိပြီးပြီလား...."

ဦးလင်းသစ် ကုမ္ပဏီက ပြန်လာခါနီး သတင်းကြည့်လိုက်တော့ ရှိန်းဆေးရုံတိုက်ပေါ်ကပြုတ်ကျတဲ့အကြောင်း တွေ့တာမို့ အိမ်ကိုအမြန်ပြန်လာပြီး သားနဲ့ဟေမာကိုခေါ်ကာ ဆေးရုံကိုသွားကြည့်မယ်လို့စဉ်းစားထားတာ။ ခုအိမ်ပြန်‌ရောက်တော့ သားကရှိုက်ကြီးတငင်ငိုနေတာကို တွေ့တာပဲ။

"ဒယ်ဒီ....သားလေ...."

"ကလေးက သူ့သူငယ်ချင်းသတင်းတွေ့တော့ လန့်ပြီးငိုနေတာ!!!!!!"

ဒေါ်သူဇာ ဝေဟင်မိုးသားကို ငိုတာရပ်‌ဖို့ပြောနေရင်း အခန်းထဲကို ကိုလင်းသစ် ရုတ်တရက်ဝင်လာတာကြောင့် လန့်ဖြန့်သွားတယ်။ အရေးထဲ ဝေဟင်မိုးသားဆိုတဲ့ကောင်က တုန်တုန်ရီရီနဲ့ သူ့အဖေကို ပြန်ပြောပြဖို့လုပ်နေတာကြောင့် ဒေါ်သူဇာ အမြန်ပဲ ဝင်ဖြတ်လိုက်ရတယ်။

"အော်....သားရယ် မငိုပါနဲ့။လာ... ဒယ်ဒီတို့‌ ဆေးရုံ လိုက်သွားရအောင်...."

"ရှင်! ကိုလင်းသစ်...ဟို..."

"ဘာတွေ ဟိုဟိုဒီဒီလုပ်နေတာလဲ ဟေမာ!
သူရိန်ကကိုယ့်သူငယ်ချင်းအရင်းကြီး...ရှိန်းဆိုတာလဲ မင်းရှေ့တင်ကြီးလာတဲ့ ကလေးမဟုတ်ဘူးလား...ဝေဟင်လေးနဲ့လဲ အမြဲတပူးတွဲတွဲပဲ...သွားမယ်....သား ဝေဟင်....
ဒယ်ဒီတို့ သတင်း သွားမေးကြမယ်နော်...မငိုနဲ့တော့...သားသူငယ်ချင်းအဆင်ပြေသွားမှာပါ...."

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now