Part 32

3.4K 242 80
                                    

[ကျွန်တော် ဒီနေ့လာခဲ့ပါ့မယ်....ဟုတ်ကဲ့။ သူတို့တွေ အဆင်ပြေပါတယ်။ ကိုကြီးလပြည့်ကတော့ နည်းနည်းပြဿနာရှိနေတယ်။ ကျွန်တော်အဲ့ရောက်မှ ပြောပြမယ်လေ....
ဟုတ်ကဲ့.....]

ကျွီ.......

[ ကျွန်တော် ဖုန်းချလိုက်တော့မယ်နော်......]

"ဘယ်သူလဲ....."

"အသိတစ်ယောက်ပါ...."

ဝေဟင် ရှိုင်းရဲ့အဖြေကြောင့်စိတ်ထဲခုသွားမိတယ်။ ဘာလို့လဲ။ သူဝင်လာတော့မှ ဖုန်းကိုတန်းချလိုက်တာသေချာနေတာကို ပေါ်တင်ကြီးလိမ်နေတာလား.....

"မင်းခုနက ဖုန်းပြောနေတာပါ...."

"ငါက ဖုန်းမပြောဘူးလို့ပြောမိလို့လား....."

"အဲ့လိုပြောချင်တာမဟုတ်ဘူးလေ...မင်းက ငါလာမှဖုန်းကြီးကိုချလိုက်တာလေ...."

"အွန်း...မင်းလာမှချတယ်ဆိုတာ မင်းကိုမသိစေချင်လို့..."

"ငါသိတယ်လေ...."

"သိရင် ဘာလို့မေးတာလဲ...."

"ငါက....ငါ..."

"ငါက ဘာဖြစ်လဲ ဆက်ပြောလေ...."

စကားကို ထစ်ငေါ့ထစ်ငေါ့ပြောနေတဲ့ဝေဟင့်နားကို ရှိုင်းကပ်သွားလိုက်တယ်။ ရှိုင်းသတိထားမိတာပေါ့။ ဝေဟင်ကိုယ်တိုင်လည်း ကိုယ့်အပေါ်စိတ်ယိုင်နေပြီဆိုတာကို။ ဒါပေမယ့် ဝေဟင်မိုးသားဆိုတဲ့ အရူးလေးက ဝင်မခံချင်ဘူးလေ......

"ဘာလို့အနားကပ်လာတာလဲ...."

ပြွတ်!

"ရှိုင်း!!!!"

ရှိုင်းက ကိုယ့်အနားအတင်းကပ်လာလို့ ရှောင်ထွက်မလို့လုပ်တုန်းရှိသေး ဆက်ခနဲ နှုတ်ခမ်းကိုနမ်းလိုက်တာကြောင့် ဝေဟင့်မှာ အလန့်တကြားတွန်းထုတ်လိုက်ရတယ်....

"ကိုယ့်ယောကျာ်းကိုယ်နမ်းတာ ဘာကိစ္စတွန်းထုတ်တာလဲ...."

"မသိဘူး...သွား! လာလာမနမ်းနဲ့...."

"အွန်း...ရတယ်။ မင်းပဲငါ့ကိုနမ်း ငါမင်းကိုမနမ်းတော့ဘူး...."

"ဟမ်! အဲ့လိုမဟုတ်ဘူးလေ..."

"ငါကတော့ အဲ့လိုသတ်မှတ်လိုက်ပြီ။ ငါအပြင်ခနသွားဦးမယ်။ အခန်းထဲမှာပဲနေ...အပြင်မထွက်နဲ့။ အပြင်ထွက်ချင်ရင်တောင် ငါ့ကိုအရင်ဖုန်းဆက်...ကြားလား..."

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now