Part 15

4K 176 99
                                    

"ကျွန်တော်တို့ စကားပြောဖို့လိုပြီထင်တာပဲ...."

"အန်တီနဲ့လား...."

"ဟုတ်ကဲ့ စကားခနပြောကြရအောင်...."

ကိုယ့်ကိုလာစမ်းချင်နေတဲ့ ကောင်လေးကို ပညာလေး နည်းနည်းတော့ ပြရမှာပေါ့လေ...

"ဒီမှာပဲပြောကြတာပေါ့...."

"သန့်စင်ခန်းရှေ့မှာလား...."

"ဟုတ်တယ်...."

နေရာကောင်းကောင်းမှာ စကားသေချာပြောလို့ရရက်နဲ့ ခုလိုလုပ်ထဲက သပ်သပ်မဲ့ရစ်နေမှန်း သုတ ရိပ်မိပါတယ်။ ဒါပေမယ့် ကိုယ်က စကားပြောချင်နေတဲ့ သူဆိုတော့ တစ်ထစ် လျှော့ပေးရမှာပေါ့.......

"ကောင်းပြီလေ...ကျွန်တော်လိုရင်းပဲပြောပါ့မယ်....အန်တီ Rue ကို မတော်တဆ တွန်းမိတာရောဟုတ်ရဲ့လား...."

ပေါ်တင်ကြီးလာမေးနေတဲ့ ကောင်လေးက စိတ်ဘယ်လောက်တိုနေမှန်း သိသာလွန်းတယ်။ အရွယ်သာရောက်လာတာ မရင့်ကျက်သေးဘူးပဲ....

"ဟမ်! ဘယ်လို...."

"ကျွန်တော်ပြောတာက အန်တီ Rue ကို မတော်တဆ တွန်းမိတာရော ဟုတ်ရဲ့လားလို့...."

"အော်....."

"အန်တီ ကောင်းကောင်းဖြေပေးလို့ရမလား...."

ကိုယ်မေးတဲ့မေးခွန်းကို မဖြေပဲဝေ့လည်ကြောင်ပတ်လုပ်နေတဲ့ ဒေါ်ဟေမာကို သုတ စိတ်မရှည်နိုင်တော့ဘူး.....

"သုတက ဘယ်လိုထင်လို့လဲ..."

"အန်တီ! မငြင်းဘူးဆိုတော့ တမင်လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်လား...."

"ဟော...သုတက အန်တီ့ကို လာစွပ်စွဲနေတာပဲ...."

"ကျွန်တော်စွပ်စွဲနေတာ မဟုတ်ဘူးနော်...ကျွန်တော် အန်တီ့ကို ကောင်းကောင်းမေးတယ် အန်တီက ‌ကောင်းကောင်းမဖြေတာ..."

"ဒုက္ခပါပဲ....အသည်းအသန်တွေကို ဖြစ်နေတာပဲ....ဘာလဲ ယောကျာ်းဟောင်းလေးကို စိတ်ပူလို့လား...."

"အန်တီ!!!!ကျွန်တော်နဲ့Rueနဲ့က ညီအကိုတွေလိုနေလာတာ မစော်ကားပါနဲ့..."

"ဘာ ညီအကိုလဲ ဘင်္ဂလားညီအကိုလား...."

"အန်တီ!!!!"

Love Blaze { အချစ်မီးလျှံ } [ Season 2 ]Where stories live. Discover now