ch 36

53 22 0
                                    

အခန်း ၃၆

ဝူရှီ တစ္ဆေအရာရှိလေးကို (လှည့်စား) လွှတ်လိုက်ပြီးနောက် ကောင်းကင်မှာ ယခုမှ တောက်ပလာခဲ့သည်။ မပျောက်သေးသော မှောင်မိုက်သောည၏ နောက်ဆုံးလေထုနှင့်အတူ၊ လျန်ရှီ နှင့် လဲ့ချန် တို့သည် ၎င်းတို့ကို လမ်းပြရန် ရွှေရောင်အလင်းတန်းကို ဆက်လက်အသုံးပြုကာ နောက်ထပ် သရဲတစ္ဆေနှစ်ကောင်ကို ဖမ်းမိခဲ့သည်။

ဒါပေမယ့် လျန်ရှီ ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အရာတစ်ခုရှိနေသေး၏

“အဲဒီကလေးက  သူက လူသားလို့ ပြောပြီး အခုမှ အလယ်တန်းကျောင်း တက်နေပုံရတယ်။ မြေအောက်ကမ္ဘာက ကလေးအလုပ်သမားတွေကို တကယ်ပဲ အသုံးချနေတာလား။ ဒီလိုကလေးလေးက သရဲလိုက်ဖမ်းနိုင်လို့လား”

  လဲ့ချန် - "ဘာလို့ မလုပ်နိုင်ရမှာလဲ။"

လျန်ရှီ: "????
တစ္ဆေအရာရှိတွေကို ရွေးချယ်ခြင်းအတွက် စံသတ်မှတ်ချက်တွေက ဘယ်လိုကြီးလဲ။ ဒီလိုကလေးလေးကို ဘာလို့ရွေးချယ်ခဲ့တာလဲ။”

ဥက္ကဠလဲ့ သည် လျရ ကို လေးလေးနက်နက် စေ့စေ့ကြည့်ရှုပြီး "မင်းရဲ့အလုပ်အပေါ် အလေးအနက်မထားဘူး" ဟူသော အမူအရာဖြင့် သူသေမင်း မှတ်တမ်းကို ဖွင့်ကာ ပျင်းရိနေသော လုပ်ဖော်ကိုင်ဖက်၏ မျက်နှာတွင် ချပြလိုက်သည်။

“ရိတ်သိမ်းမှုစံနှုန်းကို ကြည့်လိုက်။”

လျန်ရှီ ဟေးဝူချန်၏ မှတ်တမ်းကို နာခံစွာ လက်ခံပြီး ၎င်းကို ကြည့်လိုက်သည်။ သူသည် ရှေ့မှ အဓိပ္ပါယ်များစွာကို ကျော်သွားကာ စာသားကို တိုက်ရိုက်ကြည့်လိုက်လေ၏။

တစ္ဆေအရာရှိ၏ ပထမစည်းမျဉ်း- “ကောင်းကင်နှင့်မြေကြီးသည် လမ်းကြောင်းရှိသော်လည်း ငရဲ၌ တံခါးမရှိ”။

လျန်ရှီ: "???"

သူက ခေါင်းကိုလှည့်ပြီး ဟေးဝူချန် ကို အကြိမ်ကြိမ် စိုက်ကြည့်လိုက်၏။ ခိုးယူခြင်းနှင့်ပတ်သက်၍ သတိမိတာမျိုး သို့မဟုတ် အပြစ်ရှိသကဲ့သို့  တုန်လှုပ်ခြင်းမျိုးလုံးလုံးလျားလျား မရှိပေ။

    ကောင်းပြီ၊ ဒုတိယစံနှုန်းကို သုံးသပ်ကြည့်ရအောင်- "လောကီဘဝ၊ ကြိုတင်သတ်မှတ်ထားသော သေခြင်းတရား၊ အမှားအမှန်ကို သိပြီး တရားကို နားလည်ရမည်"

Can't save the world  by pretending to be deadWhere stories live. Discover now