ch 27

73 22 0
                                    

အခန်း ၂၇

မနက်ခုနစ်နာရီမှာ နေထွက်လာ၏။

လျန်ရှီ နှင့် စုကျောင်း တို့စုကျိုး ပြည်သူ့လုံခြုံရေးဗျူရို၏ ဂိတ်ပေါက်မှ အတူတူ ထွက်လာခဲ့ကြသည်။ နှစ်ယောက်သား အရှေ့ဘက်မှ ထွက်လာသော နေမင်းကြီးကို မော့ကြည့်ကာ ပြင်းထန်စွာ အသက်ရှူထုတ်လိုက်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ စကားလုံးများမလိုအပ်၊ အချို့သောစကားလုံးများကို အကြည့်တစ်ချက်ကြည့်ရုံဖြင့် ဆက်သွယ်နိုင်သည်-

ဟေးဝူချန် ၏ ID ပြဿနာနှင့် ပတ်သက်၍ မည်သို့လုပ်ဆောင်နိုင်သနည်း။

စုကျောင်း က “သူက မှတ်ပုံတင်မရသေးတာက  ဒုတိယကလေးမွေးပြီး တရားမဝင်နေထိုင်တဲ့ မိသားစုကနေ ဆင်းသက်လာလို့ ဆိုပြီး  ငါတို့ပြောသင့်လား”

   {လောလောဆယ် ဖျက်သိမ်းထားသော တရုတ်နိုင်ငံ၏ ယခင် ကလေးမူဝါဒကို ရည်ညွှန်းပါသည်။}

လျန်ရှီ က ခေါင်းကို ကုတ်ပြီး “ဒါဆို သူ့မိဘတွေက ဘယ်သူလဲ”

စုကျောင်း က “သူ့အဖေနဲ့အမေက သူ့ကို မွေးတုန်းက အရမ်းရုပ်ဆိုးတယ်လို့ ထင်ပြီး လမ်းဘေးမှာ ပစ်လိုက်တာ”

လျန်ရှီ က “…”

"မင်း ဒါကို ဟေးဝူချန် ရှေ့မှာ ထပ်ပြောမှာ ပေါ့"

စုကျောင်း - "ဒါဆို မင်းမှာ ဘာအကြံရှိလို့လဲ!"

စုကျောင်း ၏ ဒုက္ခိတ ပျားတုပ် အကြံအစည်သည် စိတ်ဝင်စားစရာကောင်းနေပုံရသော်လည်း လျန်ရှီ သည် ၎င်းကို သေသေချာချာ တွေးကြည့်သောအခါတွင် ဟာကွက်များ ပြည့်နေခဲ့သည်။ လျန်ရှီက ဒု လက်ထောက်ဝူ နှင့် သူ့အဖွဲ့က ၎င်းကို တစ်ချက်ကြားရုံနှင့် ချက်ချင်းမိလိမ့်မည်ဟု ခံစားမိသည်။

အိုကေ၊ လဲ့ချန် ဟာ တရားမဝင် ဒုတိယမြောက် ကလေးဖြစ်ပြီး သူ့မိဘတွေက နေထိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို မလျှောက်ထားခဲ့ဘူးဆိုရင် ကောင်းသည်ပင်။

ဥက္ကဠလဲ့ က ရုပ်ဆိုးလွန်းပြီး သူ့အမေနဲ့ အဖေက သူ့ကို မြင်မြင်ချင်း မလိုချင်ဘူး လို့ ပြောရင် တော့ ကောင်းပြီ၊ ရဲတွေက အားလုံး မျက်စိကန်းပြီး အလှအပနဲ့ပတ်သတ်တဲ့ ပြဿနာ ရှိ လို့ ယုံတယ် ဆိုကြပါစို့။

Can't save the world  by pretending to be deadWhere stories live. Discover now