ch 9

106 31 0
                                    

အခန်း ၉

အခန်း ၉ – ချစ်ခင်ရပါသော သခင်၊ မေ့ပျောက်ခြင်းမြစ်က စီးဆင်းခြင်းရပ်တန့်သွားပြီ။

နောက်နေ့ စောစောမှာ သူ့ အခန်းဖော်က အတန်း သွားတက်၏။

မနေ့ညက သူတို့နှစ်ဦး ရဲစခန်းမှာ ရန်ဖြစ်နေကြတာနှင့် မနက် ၃ နာရီမှသာပြန်ရောက်သည်။ ရေချိုးပြီး အိပ်ယာဝင်ဖို့ အိမ်ပြန်ရောက်တော့ မနက် ၄ နာရီကျော်နေပြီ ဖြစ်သည်။ လျန်ရှီ ရဲ့ ဇီဝနာရီက သူ့ကို ပုံမှန်အတိုင်း မနက် 8 နာရီမှာ နှိုးနေသေးတာကြောင့် အိပ်ချိန် 4 နာရီတောင် မပြည့်သေးချေ။

စုကျောင်း: "လျန်ရှီ၊ ငါသွားပြီ။"

မီးဖိုချောင်ထဲက လူငယ်က ခေါက်ဆွဲခြောက်ပြုတ်နေကာ သူ့ အခန်းဖော်ကိုငုံ့ကြည့်ကာတိုးတိုးလေးဖြေလိုက်သည်။
    "အင်း"

  

ချပ်ဟူသောတံခါးပိတ်သံတစ်ခု  ထွက်ပေါ်လာသည်။

ကျယ်ဝန်းသော အခန်းထဲတွင် လူတယောက်သာ ကျန်တော့သည်။

ခေါက်ဆွဲခြောက်ကို ချက်ပြုတ်ပြီးနောက် လျန်ရှီ သည် သူ့ဖုန်းကိုဖွင့်လိုက်ပြီး ရုပ်ရှင်များ၏နောက်ကွယ်တွင် အဓိပ္ပါယ်ကို ရှင်းပြပေးသည့် အိမ်ရှင်တစ်ဦးပါရှိသည့် streaming video website တစ်ခုကို တွေ့ရှိခဲ့သည်။ စားနေရင်းနဲ့ သူကြည့်နေကာ ဆယ်မိနစ်လောက်ကြာသွားသောအခါ ဗီဒီယိုအတိုလေး ပြီးသွားတော့ မနက်စာလည်းစား ပြီးသွား၏။

လျန်ရှီ သမ်းဝေပြီး အိပ်ခန်းဆီသို့ လျှောက်သွားလိုက်သည်။

ဒီမနက် အိပ်ယာထပြီးနောက် စုကျောင်း သည် Wanderer အကြောင်းကို တစ်ခါသာ ပြောခဲ့ကြပြီးထို့နောက် နှစ်ယောက်စလုံး ထပ်စကားသိပ်မပြောဖြစ်ခဲ့ကြပေ။

လျန်ရှီ က ဒီကိစ္စကို စိတ်မ၀င်စားတော့ဘူးလို့ စုကျောင်း က တွေးလိုက်တဲ့အတွက်ကြောင့် လူနှစ်ယောက်က ဆက်မဆွေးနွေးကြတော့။

ဒီကမ္ဘာကြီးမှာ သနားစရာတွေဝိဉာဥ်တွေ အများကြီးရှိခဲ့ကာ စက္ကန့်တိုင်းတွင် လူရာနှင့်ချီ သေဆုံး နေလျက်ရှိသည်။ သူတို့အားလုံးကို ကူညီချင်ရင်တောင်တကယ် မဖြစ်နိုင်ပေ။

Can't save the world  by pretending to be deadWhere stories live. Discover now