ch 32(part 1)

67 21 0
                                    

အခန်း ၃၂

       
အဖိုးအိုနှင့် ရွှေဝါရောင်ခွေး‌လေးတို့ရဲ ဝိဉာဉ်ကို ရိတ်သိမ်းပြီးနောက်မှာ လျန်ရှီရဲ့ လက်ကိုင်ဖုန်းသည်လည်းလိုင်း ပြန်လည်ကောင်းလာခဲ့သည်။ နှစ်ယောက်သား တက္ကစီပေါ် အမြန်တက်ပြီး စုကျိုး မြို့သို့ ပြန်ခဲ့ကြသည်။

       
စုကျိုး မြို့သို့ ရောက်သောအခါ ည ၁၁ နာရီခန့်သာ ရှိသေးသည်။

       
တက္ကစီပေါ်ကဆင်းပြီး စုကျိုးမြို့ထဲသို့ လျှောက်လာပြီးနောက် လျန်ရှီ နဲ့ လဲ့ချန် တို့ဟာ တစ္ဆေအရာရှိ စံချိန်ကို တိတ်တဆိတ် တပြိုင်နက် ဖွင့်ခဲ့ကြလေ၏။ ၎င်းတို့ရဲ့ လစဉ်စွမ်းဆောင်ရည်အဆင့်မှာ ပြောင်းလဲသွားခဲ့သည်-

       
24th, ဝူရှီ, ကျောင်းစု ပြည်နယ်တစ္ဆေအရာရှိ, 4214 မှတ်။

       
25th, စုကျိုးမြို့, ကျောင်းစု ပြည်နယ်တစ္ဆေအရာရှိ, 3943 မှတ်။

       
လျန်ရှီ က လေးလေးနက်နက်ပြောလာခဲ့သည်- “ကျွန်တော်တို့ တက္ကစီစီးပြီး အပြန်ခရီးမှာ နှစ်နာရီနီးပါးကြာတယ်။ နှစ်နာရီကြာတဲ့အထိ ဝူရှီ တစ္ဆေအရာရှိတွေက အမှတ်တစ်မှတ်တောင် တိုးမလာခဲ့ဘူး။ သူတို့က အရမ်း ပရော်ဖက်ရှင်နယ်မဆန်ဘူးပဲ။”

       
လဲ့ချန်က သူ့ကိုကြည့်ကာ မျက်ခုံးပင့်ပြသည်-  မင်းဘာပြောချင်တာလဲ။

       
လျန်ရှီ - "ဒီလိုဆိုတော့ ကျွန်တော်တို့ကသာ အဖိုးကြီးနဲ့ ရွှေဝါရောင်ခွေး‌လေးကို မနှိမ်နင်းခဲ့ဘူးဆို ဝူရှီက တစ္ဆေအရာရှိတွေက ဘာမှလုပ်မှာမဟုတ်ဘူး။ အဲ့သလိုဆို အမှတ်တွေအားလုံး က အလဟဿ ပျက်သွားလိမ့်မယ်၊ ကျွန်တော်တို့အဲ့မှာရှိနေလို့ တော်သေးတာပေါ့ ”

       
အရှင်  ဟေးဝူချန် သူဘာပြောချင်နေလဲ ရုတ်တရက် သဘောပေါက်သွား၏။

ဖြောင့်မှန်သောဒေါသနှင့်ပြည့်နေသောလူငယ်ကိုကြည့်ရင်း နှုတ်ခမ်းကိုကော့လိုက်ကာ “အင်း၊ မင်းပြောတာမှန်တယ်။ အဲဒါက အဓိပ္ပာယ်ရှိတယ်။”

       
လျန်ရှီက ခေါင်းညိတ်ပြသည်- ဒါက အဓိပ္ပာယ်ရှိတယ်။

       
ဤနည်းဖြင့် တွေးကြည့်လိုက်တော့ နှမ်းစေ့ကဲ့သို့ သေးငယ်သော လျန်ရှီ ၏ နှလုံးသားထောင့်မှ အရှက်တရားသည် ချက်ချင်း ပျောက်ကွယ်သွားသည် ။

Can't save the world  by pretending to be deadWhere stories live. Discover now