ch 33

65 20 1
                                    

အခန်း ၃၃

       
ပထမဆုံးအကြိမ်စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်များကို မြင်သောအခါ၊ လျန်ရှီ သည် ဝူရှီ ကိုအနိုင်ယူရန် သူ့ကိုယ်သူ သေးငယ်သောပန်းတိုင်တစ်ခုချမှတ်ခဲ့သည်။
အခုစက်တင်ဘာလဆန်း၌ ကျောင်းစု၊ကျယ်ကျောင်း နှင့် ရှန့်ဟိုင်း ဒေသတွင် စုစုပေါင်းမြို့ 25 မြို့ရှိသည်။ စုကျိုးမြို့မှာ အမှတ် 2,000 အောက် စွမ်းဆောင်ရည်ဖြင့် ဘိန်ချီး အဆင့်ဖြစ်ပြီး ဝူရှီက အမှတ် 4,000 အောက် စွမ်းဆောင်ရည်ဖြင့် ဒုတိယ မြောက်ဘိန်ချီးပင်ဖြစ်သည်။ သို့သော် ဤမြို့နှစ်မြို့အပြင်၊ တတိယမြောက်ဘိန်ချီးဖြစ်သော ကျင်းဟွာ မှာ အမှတ် 8,000 ကျော် စွမ်းဆောင်ရည်ရှိသည်ပင်။

       
ဟုတ်ပါတယ်၊ သူ ကျင်းဟွာ ကိုမနိုင် နိုင်လို့ ဝူရှီ ကို ရွေးတာမဟုတ်ရပါဘူး။ရိုးသား ကြိုးစား ဖိုးသခွား တစ္ဆေအရာရှိ လေးတစ်ယောက်ဖြစ်ချင်တာကြောင့်သာ။ သူက ပြိုင်ချင်ယှဉ်ချင်စိတ် ရှိလို့မဟုတ်ဘဲ သရဲတစ္ဆေများကို ဖမ်းကာ ရိုးရိုးသားသား လူပြန်ဝင်စား စေချင်လို့ ဖြစ်သည်။

       
ဒါပေမယ့် အခုချိန်မှာတော့ စွမ်းဆောင်ရည်အမှတ်တွေက ရဖို့ သိပ်မခက်တော့ဘူးလို့ ထင်လာသည်။

       
အလုပ် အချိန်နှစ်ရက်အကြာ၌ သူတို့နှစ်ယောက်က အမှတ်နှစ်ထောင်ရခဲ့ပြီး ဝူရှီ ကို ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။

       
လျန်ရှီ အနည်းငယ် စိတ်ခံစားနေတာကို မထိန်းနိုင် "ဝူရှီ မှာရှိတဲ့ သရဲတစ္ဆေအရာရှိတွေရဲ့ အမှတ်တွေက ဘာလို့ ဒီလောက်နိမ့်နေရတာလဲမသိဘူးနော် ။ သူတို့က တကယ့်ကိုအပျင်းကြီးကြတာပဲ တိုးတက်ဖို့ တောင်ဂရုမစိုက်ဘူး”

       

       
လဲ့ချန် က ဒီလအတွက် သရဲတစ္ဆေများ၏ အဆင့်သတ်မှတ်ချက်များကို ကျေနပ်စွာကြည့်ကာ အနည်းငယ် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

       
သူတို့နှစ်ယောက်က သရဲတစ္ဆေတွေကို အပြင်းအထန်ဖမ်းဖို့ ဆုံးဖြတ်ခဲ့ကြပြီးနောက် တစ်ညနေမှာပဲ အမှတ် ၂၀၀၀ ရခဲ့သည်ပင်။

        ဒါ လွယ်လွယ်လေးပါ။

      
ဝူရှီက တစ္ဆေအရာရှိတွေကို ကြည့်လေ။
ကံမကောင်းစွာနဲ့ပဲ၊ မရဏကမ္ဘာမှာ  ကိုယ်တွေလိုပရော်ဖက်ရှင်နယ်ဆန်တဲ့ သရဲဖမ်းတဲ့သူ ဘယ် လောက်များများ ရှိ နေနိုင်မလဲ။

Can't save the world  by pretending to be deadDonde viven las historias. Descúbrelo ahora