ch 5

158 36 2
                                    


    အခန်း 5 – တိုက်ရိုက်ထုတ်လွှင့်ခြင်းကိစ္စများ

    ဖုန်းထဲက အဲဒီလူရဲ့အသံက တည်ငြိမ်ပြီး ယုံကြည်ချက်ရှိနေ၏။ သူက

    “ဒီလိုပါ။ မနှစ်က ကျွန်တော်တို့ ကုမ္ပဏီကို ကိုယ်ရေးမှတ်တမ်း တင်ခဲ့တာ မှတ်မိသေးလား။

    4G ကွန်ရက်များ ရေပန်းစားလာမှုကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုသည် ယခု ခေတ်သစ်တွင် ဖျော်ဖြေရေးပုံစံတစ်ခု ဖြစ်လာခဲ့သည်။

    အသစ်များနှင့် ဆန်းသစ်သောတိုက်ရိုက်ထုတ်လွှင့်မှု ပလပ်ဖောင်းများသည်အမြဲတမ်း ပေါက်ဖွားလာခဲ့သည်။

    DouYa ဟုခေါ်သော ပလပ်ဖောင်းသည် အကျော်ကြားဆုံးသော အရာများထဲမှ တစ်ခုဖြစ်သည်။

    ထိုသို့သော တိုက်ရိုက်ထုတ်လွှင့်မှု ပလပ်ဖောင်းများ ပေါ်ပေါက်လာပြီးနောက်၊ စီးပွားရေးသမားများသည်လည်း စီးပွားရေးအခွင့်အလမ်းသစ်များကို အာရုံစိုက်မိကြပြီး guildများကို စတင်တည်ဆောက်ခဲ့ကြသည်။ တိုက်ရိုက်ထုတ်လွှင့်သူသည် guild တစ်ခုသို့ဝင်ရောက်သောအခါ၊ သူသည် guild မှပံ့ပိုးမှုနှင့် ရာထူးတိုး နိုင်သည်။ 

    နာမည်ကြီး ကြယ်ပွင့်တစ်ပွင့်သည် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုသို့ ရောက်ရှိလာသည့်အချိန်ကဲ့သို့ပင် ကုမ္ပဏီ၏အကူအညီဖြင့်သာ ၎င်းတို့သည် ကျော်ကြားလာစေရန်လူထုနှင့်လုံလောက်သောထိတွေ့မှုရရှိနိုင်မည်ဖြစ်သည်။

    ယခု ထိုလူက ၎င်းကိုဖော်ပြလိုက်ရာ လျန်ရှီသူ ယမန်နှစ်က ပို၍ကြီးသော တိုက်ရိုက်ထုတ်လွှင့်မှုအသင်းအဖွဲ့များသို့ လျှို့ဝှက်စာတိုတစ်စောင်ပေးပို့ခဲ့သည်ကို အမှန်ပင် မှတ်မိနေခဲ့သည်။

    ဟုတ်ပါတယ် သူရဲ့ကိုယ်ပိုင် မက်ဆေ့က ပင်လယ်အောက်ခြေက ကျောက်တုံးတစ်တုံးလို နစ်မြုပ်သွားသဖြင့် မည်သည့် guild ကမှ သူ့ကို တုံ့ပြန်မလာခဲ့ချေ။

    သူဆက်သွယ်ခဲ့တဲ့ သူတွေထဲမှာ Gem Guild လည်း ပါသည်ပင်။

    {T/N- တိုက်ရိုက်ထုတ်လွှင့်ခြင်းအကြောင်း များစွာမသိသောကြောင့် ဝေါဟာရအချို့ မှားယွင်းသွားနိုင်ပါသည်။}

Can't save the world  by pretending to be deadWhere stories live. Discover now