ch 29

84 21 0
                                    

အခန်း ၂၉

တက္ကသိုလ်မှ ဘွဲ့ရပြီးကတည်းက လျန်ရှီ ၏ဘဝသည် စကားလုံးနှစ်လုံးဖြင့် ပြည့်နှက်နေခဲ့သည်။

ငါးဆားနယ်။

ငယ်ငယ်ကတည်းက သရဲတစ္ဆေတွေမြင်နိုင်လို့ အသက်တူကလေးတွေနဲ့ စကားမပြောနိုင်ခဲ့တဲ့အပြင်  လူတိုင်းကလည်း သူ့ကို အရူးတစ်ယောက်လို့ မှတ်ယူကြ၏။ နောက်ပိုင်းမှာတော့ သူ့ပတ်ဝန်းကျင်က လူတွေက တစ်ယောက်ပြီးတစ်ယောက် သေသွားကြပြီးမှာ တော့ အားလုံးက ပို၍ပင် သူ့ကို တဖြည်းဖြည်း စိမ်းကားလာကြသည်။ မိဘမဲ့ဂေဟာကို ရောက်တဲ့အခါမှာတော့ ဖော်မဆောင်နိုင်တော့ဘဲ introvert မိဘမဲ့ဖြစ်သွားခဲ့သည်။

လျန်ရှီ သူသေဆုံး၍ မရဏာနိုင်ငံသို့သွားပြီးနောက် တရားသူကြီးကသာ သူ၏အသက်နှင့်သေခြင်းဆိုင်ရာစာအုပ်ကိုဖွင့်ပါက ယင်းပေါ်တွင် “စိတ်ဆင်းရဲစရာ”ဟုရေးထွင်းထားလောက်သည်ဟု တစ်ချိန်က သူတွေးခဲ့ဖူးသည်။ ဒါပေမယ့် တက္ကသိုလ်တက်ပြီးနောက်မှာတော့ အဆောင်မှာနေထိုင်ပြီး စားဝတ်နေရေးစရိတ်ရှာဖို့ အလုပ်လုပ်ရတာကြောင့် နောက်ဆုံးမှာ သူငယ်ချင်းအနည်းငယ် ဖွဲ့ခဲ့ပါတယ်။ မြို့တော် M ၌ သူ၏ဘဝက "သနားစရာ" မှ လတ်ဆတ်သော ဆားငန်ငါးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အမှန်တော့ငါးဆားနယ်လုပ်ရတာကောင်းပါတယ်။

နေ့တိုင်း သူ့ဖုန်း ပွတ်ပြီး ဂိမ်းဆော့လိုက်သည်ပင်။ နေ့စဉ်ညနေ ၈ နာရီတွင် အစက်ချ၍ တိုက်ရိုက်ထုတ်လွှင့်လျှင် လစဉ် အဆင့်ကြေးအချို့ကို ရရှိလိမ့်မည်။

လျန်ရှီက အငြိမ်းစားဘဝသို့ စောစီးစွာ ဝင်ရောက်လာခဲ့သည်။ သူက wolfberries နဲ့ စိမ်ထားတဲ့ ကိုလာကို သောက်ပြီး အဘိုးကြီးတစ်ယောက်လို သစ်ကြားသီး တစ်လုံးကို စားလိုက်၏။

         ဘဝက အရမ်းလှတာပံ။

အိမ်ကြီးတစ်လုံးဝယ်နိုင်ရင် ပိုလှတာပေါ့။

ဒါပေမယ့် ငါးဆားနယ်က စိတ်ဆိုးနေတဲ့ပုံပေါ်တယ်။

အိပ်လိုက်စားလိုက်လုပ်ခြင်းက ပျော်ရွှင်စရာကောင်းသော ဘဝနေထိုင်ခြင်းမျိုး မဟုတ်ပါလား။

Can't save the world  by pretending to be deadWhere stories live. Discover now