ch 35

280 64 0
                                    

အခန်း ၃၅

       
တိတ်ဆိတ်ငြိမ်သက်နေသော လမ်းမများပေါ်တွင် လေပြင်းများ တိုက်ခတ်နေပြီး လမ်းဘေးနှစ်ဘက်ရှိ သစ်ပင်များက ယ်ိမ်းနွဲ့နေကြသည်။

       
စူးရှပြီး ဒေါသထွက်နေသော အော်သံသည် နေရာပေါင်းစုံမှ အသံထွက်လာနေပုံရပြီး လူမှာ မည်သည့်နေရာတွင် ပုန်းနေသည်ကို မြင်ရန် ခက်ခဲစေသည်။ သို့သော် စုကျိုးမြို့ ပိုင် ဟေးဝူချန်တို့က ပုံမန်အားဖြင့် သာမန်လူမဟုတ်ပေ။ လျန်ရှီ သည် မျက်လုံးများကို အနည်းငယ်မှိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို လျင်မြန်စွာ စကင်န်ဖတ်လိုက်သည်။

       
မှောင်မိုက်သော လူနေအဆောက်အအုံ၊ ဈေးဆိုင်တန်းများ၊ အမိုးဖွင့်ကားပါကင်…

       
မဟုတ်ဘူး!

       
အဲဒီလူက ဘယ်မှာလဲ။

       
လျန်ရှီ သည် ခေါင်းကို မော့လိုက်ပြီး သူ့ခေါင်းအထက်ကို ကြည့်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ခေါင်းလောင်းသံမြည်လာသည်။

       
Omm

       
“အိုး!” စုကျိုးမြို့၏ ပိုင် ဟေးဝူချန် ၏ ဦးခေါင်းအထက်မှ လျင်မြန်သော အာမေဋိတ်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အမှောင်ထဲတွင် ပိန်ပိန်ပါးပါး ပုံသဏ္ဍာန်ရှိပြီး သွက်လက်ဖျတ်လတ်သော ရုပ်ပုံတစ်ခုဟာ အပြင်ဘက် ကားပါကင်ဘေးရှိ ပန်းခြံငယ်လေးထဲသို့ ရုတ်တရက် ခုန်ဆင်းသွားသည်။

      
သစ်ပင်တွေ ယိမ်းနွဲ့နေခဲ့၏။ လျန်ရှီ နှင့် လဲ့ချန် တို့ကသူတို့၏သတိမ လျှော့ထားဘဲ ငြိမ်သက်နေပုံရသော ပန်းခြံလေးကို စိုက်ကြည့်နေဆဲပင်ဖြစ်သည်။

       
စက္ကန့်အနည်းငယ်အကြာတွင် ငွေရောင်အလင်းတန်းတစ်ခုမှာ  ချုံပုတ်များအတွင်း ဖောက်ဝင်သွားပြီး လျန်ရှီဆီသို့ လှမ်းကာပစ်ခတ်လိုက်သည် ။

       
ဤအရာမှာ မြန်ဆန်လွန်းသဖြင့် လျန်ရှီ တုံ့ပြန်ရန် အချိန်မရှိခဲ့ပေ။ ထိုချိန်တွင် သူ ခေါင်းလောင်းကို နောက်တစ်ကြိမ်ထပ်တီးရန် မသိစိတ်ဖြင့် စီစဉ်လိုက်‌ သော်လည်း အနက်ရောင်အရိပ်တစ်ခုက သူ့ရှေ့တွင် ရပ်လာခဲ့သည်။ လဲ့ချန် ပန်းခြံထဲတွင် အေးအေးလူလူ လမ်းလျှောက်နေသကဲ့သို့ သူ၏ညာလက်ကို ဆန့်ထုတ်လိုက်ပြီး လက်ညိုးနှင့် လက်ခလယ်ကို တွဲပိတ်လိုက်ကာ ငွေရောင်အလင်းတန်းကို သူ့လက်နှစ်ချောင်းကြားတွင် ညှပ်ကာ ဖမ်းမိခဲ့သည်။ လျန်ရှီ ထိုအရာကို စူးစိုက်ကြည့်ပြီးနောက်၊ ၎င်းမှာ အမှန်တကယ် သတ္တုအိမ်မြှောင်တစ်ခုဖြစ်ကြောင်း သူသိလိုက်သည်။

{COMPLETED} Can't save the world  by pretending to be deadOpowieści tętniące życiem. Odkryj je teraz