ch 22

94 28 0
                                    

အခန်းနှစ်ဆယ့်နှစ်

"တကယ်ထွက်သွားတာလား?"

"သွားမှာ!"

"တကယ်သွားမလ်ို့လား?"

"ဟုတ်တယ်!"

"ပြန် မစဉ်းစားတော့ဘူးလား။"

"စဉ်းစားပြီးလဲ သွားမှာပဲ!"

တောက်ပကျယ်ဝန်းသော ဧည့်ခန်းတွင် လျန်ရှီ၏ အခန်းဖော်သည် ခရီးဆောင်အိတ်ကို ဇစ်ပိတ်ကာ မဆိုင်းမတွ တံခါးဆီသို့ လျှောက်သွားခဲ့သည်။

လျန်ရှီ - "မင်း အိမ်ငှားခကို သုံးလစာလောက် ပေးခဲ့တာမဟုတ်ဘူးလား။"

စုကျောင်း: "..."

ဟင့်အင်း၊ ဒီတစ်ခုကို မေ့သွားတယ်။

စုကျောင်း က အေးစက်စွာ ဟစ်အော်လိုက်ပြီး "ဒါ့အပြင် မနက်ဖြန် ရှောင်လျို နဲ့ စကားပြောအုံးမှာ"

လျန်ရှီ: "..."

ကောင်းပြီ

လျန်ရှီ သူ့အခန်းဖော်က မဆိုင်းမတွ ဓာတ်လှေကားထဲသို့ လျှောက်သွားသည်ကို ကြည့်ကာ သူ့အခန်းဖော်ကို အပြင်သို့ ကိုယ်တိုင်လိုက်ပို့ပေးလိုက်သည်။ ဓာတ်လှေကားတံခါးကို ညင်သာစွာပိတ်ပြီးသည်အထိ ကြည့်ပြီးနောက်သက်ပြင်း ချကာ ကူကယ်ရာမဲ့စွာဖြင့် “ဒါက ဘာဖြစ်နေပြန်ရတာလဲ၊ ဖြစ်လိုက်ရင် အဆန်းတွေကြီးပဲ”

တစ်ဖက်တွင် ဓာတ်လှေကားတံခါးကို ပိတ်လိုက်သည်နှင့် အခန်းဖော် ပုစိလေး၏ ဒေါသနှင့် လေးနက်သော အမူအရာ မှာ ပြိုကွဲသွားကာ ခေါင်းကို ကုတ်လိုက်ပြီး ဓာတ်လှေကားရဲ့ သတ္တုတံခါးကို ကြောင်တက်တက်နဲ့ ကြည့်လိုက်၏။

"Fuck? ငါဒီအတိုင်းထွက်လာရတာမဟုတ် သေးဘူး၊ သူကငါ့ကို နည်းနည်းလေးမှ ဆွဲမထားပါလား။ မင်းနှုတ်နဲ့ရော ကိုယ်နဲ့ပါ  ငါ့ကိုဆွဲထားရင် သေသွားမှာစိုးလို့လား!"

စုကျောင်း သည် အောက်ထပ်သို့မဆင်းမီ နောင်တရ နေခဲ့သည်။

ဒိန်းဒေါင်ဟူသည့် အသံနှင့်အတူ ဓာတ်လှေကားတံခါးသည် ဖြည်းညှင်းစွာပွင့်လာသည်။

တံခါးအပြင်ဘက်တွင် ဟင်းသီး ဟင်းရွက်ဝယ်ရာမှ ပြန်လာသော အိမ်ရှင်မဖြစ်သည်။ စုကျောင်း က ဓာတ်လှေကားထဲမှာ အကြာကြီးရပ်နေတာကိုတွေ့တော့ "မင်းထွက်မလာဘူးလား?"

Can't save the world  by pretending to be deadWhere stories live. Discover now