ch 12

88 33 0
                                    

အခန်း 12 – လျန်ရှီ၏ မျက်လုံးများသည်  အနက်ရောင် ရေကန်များသကဲ့သို့

မနက် ၃ နာရီ လမ်းဆုံတွင်။

နွေည၏ အေးမြသောလေသည် ရှင်းလင်းနေသောလမ်းများကို ဖြတ်တိုက်လာသည်။ လှပသော လူငယ်လေးတစ်ယောက်သည် လမ်းလယ်တွင် ရပ်နေကာ အလွန်အထီးကျန်ဆန်နေသလို ဖြစ်နေ၏။ထိုသူ လေးနက်သောအမူအရာဖြင့် ရွှေရောင်အလင်းတန်းဆီသို့ လှမ်းကြည့်လိုက်သည်။ ရွှေရောင်အလင်းတန်းများ နီးကပ်လာသည်နှင့် နီးကပ်လာသည်ကို လှမ်းမြင်နေရသဖြင့် လျန်ရှီ ၏ မျက်လုံးများ ပို၍ပူလာသည်။

ရွှေရောင်အလင်းတန်းက သူ့အနားက လျှောက်လာပြီး အဘွားကြီးဆီ ချဉ်းကပ်သွား၏။

"မင်း လူဝင်စားသင့်ပြီ။"

နှိမ့်ချသော အသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။ အသံက သံလိုက်ဓာတ်ကဲ့သို့ ငြို့ငင်မှုရှိကာ ကြည်နူးစရာကောင်းပေမယ့် ခံစားချက်အလျဉ်းမရှိခဲ့ပေ။

လျန်ရှီ: "...."

စုကျောင်း: "...."

အဘွားကြီး တစ္ဆေ- “….”

****?!

ဒီတစ်ခါတော့ အဘွားကြီး တစ္ဆေက လုံးဝပျောက်သွား၏။ သူမသည် မြေပြင်ပေါ်တွင် လှည့်ပတ်နေတော့သည်။

   
 "တစ္ဆေတစ်ကောင်ကို ဘာလို့ဒီလိုမျိုးတွေ  လုက်နေကြတာလဲ။ သရဲတွေမှာလည်း တစ္ဆေအခွင့်အရေးမရှိဘူးလား။ သက်ကြီးရွယ်အိုတွေကို လည်း မလေးစားကြတော့ဘူးလား။ တစ်ယောက်က ငါ့ကို လမ်းဖြတ်ကူးဖို့ တွန်းအားလာပေးလိုက် နောက်တစ်ယောက်ကျ ခုမှပထမဆုံးတွေ့တာကို လူဝင်စားဖို့ လာပြောနေပြန်ပြီ လူဝင်စားဘာလို့ သွားရမှာလဲ။ ဟင် နင်က ငါ့မြေးလား။ ငါ့ဆန္ဒကို နင်ဖြည့်ဆည်းပြီးပြီလား။ ငါဘာလို့ လူဝင်စားရမှာလဲ၊ ငါမဖြစ်ဘူး…”

ရုတ်တရက်!

သူမအသံက ရုတ်တရက်ရပ်သွားသည်။

ပြတ်သားသော အရိုးဖွဲ့စည်းပုံနှင့် လက်တစ်ဖက်က အဘွားကြီး၏ မျက်နှာရှေ့သို့ ရောက်သွားသည် ။

ဤအရာသည် အလွန်လှပသောလက်ဖြစ်သည်ကို သံသယဖြစ်စရာမရှိပေ။ ကျောက်စိမ်းကဲ့သို့ ပိန်သွယ်သွယ်၊ လက်သည် ရွှေရောင်မီးခိုးမှိုင်းမှ ထွက်လာပြီး အဘွားကြီး၏ မျက်လုံးရှေ့တွင် လင်းလက်သွားသည်။ ဒါပေမယ့် လူတိုင်းကို စွဲဆောင်စေတဲ့ အရာက လက်ရဲ့ အလှမဟုတ်ပေ။... လက်ထဲရှိ စာအုပ်ပါးပါးလေး သာဖြစ်သည်။

Can't save the world  by pretending to be deadWhere stories live. Discover now