ch 20

447 82 0
                                    

အခန်း ၂၀

ညနေ အတန်းမှ အိမ်ပြန်ရောက်ပြီးနောက်၊ စုကျောင်း သည် ယနေ့ လမ်းပေါ်တွင် သူမြင်ခဲ့သော မြင်ကွင်းအကြောင်း လျန်ရှီအား ပြောပြခဲ့သည်။

လျန်ရှီ အနည်းငယ် အံ့သြသွားပြီး "သူ မနက်စာ သွားဝယ်သေးတာလား"

   
စုကျောင်း: "**** ငါထင်သားပဲ။ မင်းတစ်ခုခုသိထားတယ်မလား ဘာဖြစ်နေတာလဲ ဆိုတာ ငါ့ ပြောပြအုံး။ ငါတို့ဘေးကကောင်က တစ္ဆေမဟုတ်ဘူးလား။ မနေ့ညက သူ့ကို လူပြန်ဝင်စားဖို့ လွှတ်လိုက်တာလား။ သူဘာလို့ပြန်ပေါ်လာတာလဲ။ ပြီးတော့ အဲဒီလူလတ်ပိုင်းလူက ရောဘယ်သူလဲ။”

လျန်ရှီ သည် တခဏမျှ တိတ်ဆိတ်သွားပြီး "သူက တစ္ဆေမဟုတ်ဘူး၊ ဒီမှာ တစ္ဆေမရှိဘူး"

လျန်ရှီ သည် ထူးဆန်းသောအမှန်တရားကို စုကျောင်း အား ပြောပြလိုက်သည်။

တိုက်ခန်း 903၊ အဆောက်အဦး 13၊ ဟွာတင်းတိုက်တန်း လွန်ခဲ့သည့် 19 နှစ်က စုကျိုး တွင် အလုပ်လာလုပ်သူ ရှစ်ယောက်ရှိခဲ့သည်။  ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ၎င်းတို့လုပ်ဆောင်မှုအတွက် ရဲစွမ်းသတ္တိရှိသူ ရှစ်ဦးအား ဆုချီးမြှင့်ခဲ့သည်။ ကံမကောင်းစွာဖြင့်၊ ၎င်းတို့အနက်မှ ခုနစ်ဦးသည် ဒုတိယပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ကာ တစ်ဦးတည်းသာ လွတ်မြောက်ခဲ့သည်။

ထိုလူသည် တစ်ချိန်က လျန်ရှီ ကို ကူညီပေးခဲ့ပြီး ယခု ဥက္ကဋ္ဌကောင်း  ဖြစ်သည်ပင်။

ဆယ့်ကိုးနှစ်အကြာတွင် ကုမ္ပဏီတစ်ခု၏ဥက္ကဋ္ဌဖြစ်လာသော ကောင်းကျားရွှမ် သည် ထိုနှစ်တွင် ပေါက်ကွဲမှုကို ဘယ်သောအခါမှ မမေ့နိုင်ခဲ့ပေ။ သူသည် ၎င်းတို့နှင့် မျက်နှာချင်းဆိုဂ်က အိမ်တစ်လုံးကို ဝယ်ယူခဲ့သော်လည်း တစ်ချိန်တည်းတွင်ပင် Survivor Syndrome ကိုလည်း ခံစား နေခဲ့ရသည်။

စုကျောင်း - "ဒါဆို လူရှစ်ယောက်မှာ ခုနစ်ယောက်က အရင်ကတည်းက လူပြန်ဝင်စားတာကြာပြီ ပေါ့၊ မစ္စတာ ကောင်း တစ်ယောက်ပဲ အသက်ရှင်နေသေးတယ် လို့ဆိုလိုတာလား။ ပြီးတော့ သူ့ တို့ကို စွဲလမ်းပြီး ကိုယ့်ကိုယ်ကို အပြစ်ရှိတဲ့ စိတ်ကြောင့်လို့ အဲဒီအိမ်မှာ သူတို့ ရှစ်ယောက်အတူနေကြတုန်းက  မြင်ကွင်းကိုဖန်တီးထားတာပေါ့။”

{COMPLETED} Can't save the world  by pretending to be deadWhere stories live. Discover now