ch 26

70 27 0
                                    

အခန်း ၂၆

နံနက် ၂ နာရီစုကျိုး တက္ကသိုလ် ၏ ဘွဲ့လွန်အိပ်ဆောင်၌။

ဒေါက် ဒေါက် ဒေါက် !

တံခါးခေါက်သံက ကျဉ်းမြောင်းသော စင်္ကြံတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

စုကျောင်းက အိပ်ဆောင်အမှတ် 303 ၏ တံခါးဝတွင် ရပ်နေသည်။ တံခါးကို ခေါက်ရင်း “လျိုဟောင် ၊ မင်းရှိလား။ ငါက ဘေးအခန်းက စုကျောင်း ပါ။"

   သူ့လေသံက သာမာန်အတန်းဖော်တစ်ယောက် အေးအေးဆေးဆေး အလည် အပတ်သွားနေသလိုပင်။ သို့သော် ညသန်းခေါင်ကျော်ဖြစ်၍ စုကျောင်း သူ့လက်ကို ကျောနောက်တွင်ဝှက်ထားပြီး သံတူဖြင့် တင်းတင်းကြပ်ကြပ်ကိုင်ထားသည်။

အခန်းအတွင်း၌ လှုပ်ရှားမှုမရှိပေ။

တကယ်တော့ ဒါကလည်း ပုံမှန်ပါပဲ။ ကျောင်းသားအများစုသည် ညသန်းခေါင်တွင် အိပ်ပျော်နေကြသည်။ ဘွဲ့လွန်အဆောင်များတွင် နေထိုင်မှုနှုန်းမှာ မမြင့်မားချေ။ ပထမထပ်ရှိ အဆောင်ဒါဇင်များအနက် လေးခန်း သို့မဟုတ် ငါးခန်းသာ လူနေခဲ့သည်။ ဒီအချိန်ဆိုယောက်ျားလေးတော်တော်များများဟာ မလှုပ်မရှား ဝက်သေတွေလို အိပ်ပျော်နေတတ်ကြ၏။ သို့သော် စုကျောင်း သည် အရှုံးမပေးဘဲ ကြိမ် ဖန်များစွာ ခေါက်နေခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ အမှတ် 303 ၏ အမှောင်အိပ်ခန်းထဲတွင် အခန်းတွင်းရှိ အလင်းရောင်အားလုံးကို ပိတ်ဆို့ထားနိုင်စေရန် အတွက်ကုလားကာများကို ဆွဲပိတ်ထားသည်။

သန်မာပြီး ခေါင်းညွှတ် နေတဲ့ လူငယ်လေးတစ်ယောက် တံခါးရှေ့မှာ ချွေးတွေ တသီသကြီးနဲ့ တုန်တုန်ယင်ယင် ရပ်နေ၏။ တစ်စုံတစ်ယောက် လာခေါက်နေတဲ့ တံခါးကို ကြည့်လိုက်ရင်း မျက်လုံးများကပြူးကျယ်နေ၏။

သူ၏ ရင်ဘတ် ပြင်းထန်စွာ ခုန်ထွက်နေပြီး သွားများနှင့် အဆစ်များ တုန်ခါနေသော  ဖြစ်ပေါ်လာသော တဆတ်ဆတ်တုန်ခါသံကိုပင် ကြားနိုင်ပုံရသည်။

စုကျောင်း သည် တံခါး အပြင်ဘက်တွင် ရပ်နေပြီး တဖက်ရလူနှင့်  တိတ်တဆိတ် မျက်နှာချင်းဆိုင်မိနေသည်ကို ဘယ်သောအခါမှ တွေးကြည့်မ်ိမည်မဟုတ်ပေ။

Can't save the world  by pretending to be deadWhere stories live. Discover now