Chapter 9.2

6 1 0
                                    

သေချာတာပေါ့။ ပရိသတ်တွေရဲ့အထင်တွေက တကယ်ကိုမှန်ကန်လေသည်။ ပြိုင်ပွဲအဆုံးမှာတော့ ရှောင်းထုက ဒုတိယရရုံမက ပွဲစီစဉ်သူက ရုတ်တရက်ပေးတဲ့ 'အကောင်းဆုံးကိုယ်ခံပညာစိတ်ဝိညာဉ်'ဆိုတဲ့ဆုကိုပါ ရရှိသွားလေသည်။

ရှောင်းထုဟာဆိုရင်တော့ ဆုကိုကြောင်တောင်တောင်လေးကိုင်ကာ ကြည့်နေရင်း တွေးနေမိသည်။ 'ငါမှာဘယ်တုန်းက ကိုယ်ခံပညာစိတ်ဝိညာဉ်ရှိသွားရတာလဲ'။

ရှောင်းထုအတွေးများနေတုန်းမှာပဲ စင်ပေါ်မှာ သူမကိုသေလုနီးပါးရိုက်ခဲ့တဲ့ အိုရန်းမိန်က ချန်ပီယံ ဆုလေးကိုကိုင်ရင်း အပြုံးလေးဖြင့် ရောက်လာလေသည်။

ရှောင်းထုနားရောက်တဲ့အချိန်မှာပဲ လက်ကိုဆန့်လိုက်ကာ
"ဂုဏ်ယူပါတယ်"

ရှောင်းထုက အများနဲ့ ယဉ်ကျေးကျေးလေးစကားမပြောဘူးပေ။ ခဏတွေးပြီးနောက်မှာ သူမအတိုင်းလိုက်တုကာ လက်ဆန့်ပြီး အသံဖျော့ဖျော့ဖြင့်
"ကျေးဇူးတင်ပါတယ်"

"ငါတွေ့ခဲ့တဲ့ ပြိုင်ဘက်တွေထဲမှာ နင်ကအရဲရင့်ဆုံးပဲ။ နောက်တစ်ခါ အခွင့်ရေးရခဲ့ဦးမယ်ဆိုရင် နင်နဲ့ထပ်ပြိုင်ရဖို့ မျှော်လင့်နေပါတယ်။" အိုရန်းမိန်က နွေဦးလေညှင်းလေးလို ပြုံးရင်းပြောလိုက်လေသည်။ တိုက်ခိုက်တာတွေပြီးသွားချိန်မှာတော့ သူမကနူးညံ့သိမ်မွေ့တဲ့မိန်းကလေးတစ်ယောက်ပါပဲလို့ ရှောင်းထုတွေးလိုက်မိလေသည်။

ရှောင်းထုကလည်း ရှက်ပြုံးလေးနဲ့ "ငါလည်း မျှော်လင့်နေပါတယ်"။ ငါလည်းမျှော်လင့်နေပါတယ် နောက်တစ်ခါနင်နဲ့ထပ်တွေ့ရင် အဝေးဆုံးကို မြန်မြန်ပြေးနိုင်ဖို့။

နှစ်ယောက်သားအပြန်အလှန်စကားပြောပြီးကြတဲ့အချိန်မှာ အိုရန်းမိန်ကထွက်သွားလေသည်။ သူမက ရုတ်တရက်သတိရဟန်ဖြင့် ခေါင်းကိုလှည့်လိုက်ကာ ရှောင်းထုကို မျက်လုံးတစ်ဖက်မှိတ်ပြရင်း
"ငါပြောဖို့မေ့သွားလို့၊ နင့်ကောင်လေးကို နင့်ကိုတော်တော်ဂရုစိုက်ပုံပဲနော်"

သူမက ပြောပြီးထွက်သွားချိန်မှာတော့ ရှောင်းထုက ကြောင်တောင်တောင်ရပ်ပြီးကျန်ခဲ့လေသည်။

ယုန်ကလေးရဲ့နားခိုရာမြက်ခင်းစိမ်းလေးWhere stories live. Discover now