Chapter 5.2

6 2 0
                                    

ရှောင်းထုတို့ရဲ့ ဖွံ့ဖြိုးရေးဇုန်ကအိမ်အသစ်က ကျောင်းနဲ့ဝေးတာကြောင့်မို့ ကျောင်းကို လမ်းလျှောက်သွားဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ရှောင်မားမားက သူမကို ရှေ့ဘက်မှာပန်းရောင်ဖဲပြားလေးပါတဲ့ မိန်းကလေးစီး စက်ဘီးလေးဝယ်ပေးလိုက်သည်။

ရှောင်းထုက ဒီစက်ဘီးကို ကလေးဆန်လွန်းလို့ မကြိုက်ပါဘူး။ သူမက လင်ချောင်းရဲ့ အနက်ရောင်ပြိုင်ဘီးကြီးကို သဘောကျနေတာပါ။ လင်ချောင်းက တီရှပ်ဖြူလေးဝတ်ပြီး စက်ဘီးနားရပ်လိုက်တဲ့အချိန်တိုင်း ချောမောထူးခြားလူသားလေးတစ်ယောက်လိုပါပဲ။

တစ်နေ့ ရှောင်းထုက အစောကြီးထကာ လင်ချောင်းကိုမစောင့်ဘဲ အောက်ထပ်ဂိုထောင်ထဲဆီသွားကာ လင်ချောင်းရဲ့စက်ဘီးကို စီးဖို့လုပ်လေသည်။

အမှန်တော့ သူတို့ဂိုထောင်တွေက မတူကြပါဘူး။ ဒါပေမယ့် ရှောင်းထုက လင်ချောင်းဆီမှာ သူမစက်ဘီးကိုအမြဲထားလေ့ရှိတယ်။ နောက်တော့ လင်ချောင်းက သူမလာနှောက်ယှက်မှာကို ကြိုတွေးမိပြီး ဂိုထောင်သော့တစ်ချောင်းပေးထားလိုက်သည်။ ဒါကရှောင်းထုအတွက်တော့ အပြစ်တွေလုပ်ဖို့ ပိုအဆင်ပြေသွားတော့သည်။

ရှောင်းထုက လင်ချောင်းရဲ့စက်ဘီးစီးသွားကာ ကျောင်းရဲ့စက်ဘီးစတန်းမှာ ရပ်လိုက်ပြီး လွယ်အိတ်လွယ်ကာ အခန်းထဲသွားလေသည်။

နေ့လည်သူမသန့်စင်ခန်းသွားချိန်မှာတော့ အိမ်သာအပြင်ဘက်က သူမတို့ဘေးတန်းကကောင်မလေးတစ်စုရဲ့စကားပြောသံကို ကြားလိုက်ရလေသည်။

မိန်းကလေး ၁: “ ငါဒီမနက်ကျောင်းကို လာတော့ ဒုတိယနှစ် အတန်း (၃) ရဲ့အတန်းခေါင်းဆောင် လင်ချောင်းကို တွေ့လိုက်ရတယ်။ ပြီးတော့ ဘာတွေ့သေးလဲသိလား။ သူက ကျောင်းကိုပြိုင်ကားနဲ့ရောက်လာတာဟဲ့။”

မိန်းကလေး ၂: “ငါသိတယ်၊ ငါသိတယ်။ ကောင်ချောလေး လင်ချောင်းမလား။ သူတို့မိသားစုက အဲ့လောက်ချမ်းသာမယ်လို့မထင်ထားဘူး။ တကယ်ကို အိမ်မက်ထဲက မင်းသားလေးဘဲ။”

မိန်းကလေး ၃: “စိတ်ကူးယဉ်မနေနဲ့ သူငယ်ချင်း။ လင်ချောင်းမှာ ကောင်မလေးရှိတယ်ဟဲ့။ ”

ယုန်ကလေးရဲ့နားခိုရာမြက်ခင်းစိမ်းလေးWhere stories live. Discover now