Chapter 7.2

6 2 0
                                    

နွေဦးရာသီမှာတော့ စက်ဘီးလေးစီးရင်း လေပြေအေးလေးနဲ့ အေးမြလတ်ဆတ်တဲ့ ပန်းနံ့တွေကို ခံစားနိုင်ပါတယ်။ ရှောင်းထုက ဒီလိုခံစားချက်လေးကို ကြိုက်တာကြောင့် လမ်းတစ်လျှောက်လုံး မျက်လုံးလေးမှိတ်ကာ သီချင်းညည်းလာလေသည်။

လင်ချောင်းက ရုတ်တရက် စက်ဘီးကို ရပ်လိုက်တာကြောင့် ရှောင်းထုမျက်လုံးဖွင့်ကြည့်တဲ့အချိန်မှာ အိမ်မရောက်သေးမှန်းသိလိုက်ရတော့ သူမ မေးလိုက်လေသည်။

“ဘာဖြစ်လို့လဲ။”

“ဆင်းပြီး လမ်းလျှောက်ကြရအောင်”

လမ်းလျှောက်မယ်? ရှောင်းထုနည်းနည်းစိတ်ရှုပ်ထွေးသွားပြီး စက်ဘီးပေါ်ကဆင်းကာ လင်ချောင်းကို တစ်ချက်ချောင်းကြည့်လိုက်လေသည်။ ဒီကလေး ဒီနေ့ဘာတွေဖြစ်နေတာလဲ။ တစ်နေ့လုံး နားမလည်နိုင်တာတွေပဲပြောနေတယ်။

စက်ဘီးပေါ်က ဆင်းပြီးနောက်မှာ လင်ချောင်းက စက်ဘီးကိုတွန်းရင်း ပန်းခြံလေးထဲကို ဦးတည်လိုက်သည်။ ထုထုက အသိပြန်ဝင်လာပြီး သူ့ကိုမီအောင် နောက်ကပြေးလိုက်လေသည်။

ဒီလိုနဲ့ လင်ချောင်းရှေ့က သွားနေတာကို ရှောင်းထုက နောက်ကလိုက်ရင်း အချိန်အတော်ကြာ လမ်းလျှောက်နေကြသည်။ တစ်ချိန်လုံးငြိမ်သက်နေရင်းကနေ ရှေ့ကလျှောက်နေတဲ့ လင်ချောင်းက ရုတ်တရက်ရပ်လိုက်ကာ နောက်ကိုလှည့်လိုက်သည်။ ရှောင်းထုက ခေါင်းလေးငုံ့ရင်း အတွေးကမ္ဘာထဲမှာရောက်နေတာကြောင့် လင်ချောင်းကို ဝင်တိုက်မိလေသည်။

“အာ့”

ရှောင်းထုက သူမခေါင်းလေးကို ပွတ်ရင်း
“တောင်းပန်ပါတယ်။ ငါမမြင်လိုက်လို့…..”

သူမစကားပြောရင်း ရုတ်တရက်စကားပြတ်သွားလေသည်။

နေပါဦး လေထုကြီးက တစ်မျိုးကြီးဖြစ်နေသလိုပဲ။

နှစ်ယောက်သား နီးကပ်နေတဲ့အခြေနေမှာမို့ ထုထု မသက်မသာခံစားလာရကာ တောင့်တောင့်ကြီးဖြစ်နေလေသည်။ လင်ချောင်းက လက်နှစ်ဖက်နဲ့ ထုထုရဲ့ပုခုံးကို ဖိကိုင်ထားပြီး သူမကို စိုက်ကြည့်နေလေသည်။ သူ့ရဲ့နက်မှောင်နေတဲ့မျက်လုံးတွေက မြစ်ရေပြင်မှာပေါ်နေတဲ့ နေဝင်ချိန်နဲ့အတူ ကြည်လင်တောက်ပနေလေသည်။

ယုန်ကလေးရဲ့နားခိုရာမြက်ခင်းစိမ်းလေးWhere stories live. Discover now