Chapter 4.2

7 1 0
                                    

ရှောင်းထုတို့ကျောင်းက မူလတန်းနှင့် ဂျူနီယာအထက်တန်း(အလယ်တန်း) နှစ်ခုရှိတာဖြစ်သည်။ လင်ချောင်းက ဂျူနီယာအထက်တန်းကို အောင်အောင်မြင်မြင် တက်ရောက်ခွင့်ရသွားတဲ့အချိန်မှာ ရှောင်းထုက ခြောက်တန်းပဲရှိပါသေးသည်။

ခြောက်တန်းရောက်တဲ့အချိန်မှာတော့ တော်တော်များများပြောင်းလဲ လာကြပါပြီ။ မိန်းကလေးတွေရဲ့ခန္ဓာကိုယ်ဖွံဖြိုးပြောင်းလဲလာတာ အပါအဝင်ပေါ့။ ပထမနှစ်ဝက်ရဲ့ နေ့လည်ခင်းတစ်ခုမှာတော့ ရှောင်းထု ပထမဆုံးရာသီလာလေသည်။


ထိုအချိန်တွင် ကျောင်းမှာ ဓမ္မတာသန့်ရှင်းမှုဆိုင်ရာသင်ခန်းစာအတန်းတွေကို သင်ကြားပြီးဖြစ်သည်။ ဒါကြောင့် ရှောင်းထုက သူဘာဖြစ်နေလဲဆိုတာကို သိလိုက်လေသည်။ ဒါပေမယ့် သူမလေးက ဘာလုပ်ရမှန်းမသိဖြစ်ကာ ထိုင်နေပြီး မထရဲဖြစ်နေသည်။


ကျောင်းဆင်းသွားတဲ့အချိန်မှာတော့ အားလုံးက သန့်ရှင်းရေးလုပ်ကာ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြလေသည်။ ရှောင်းထုကတော့ လင်ချောင်းကသူမကိုအတန်းထိလာရှာသည့်အချိန်ထိကို မတ်တပ်မရပ်ရဲသေးပါဘူး။


"ဘာလို့ထိုင်နေသေးတာလဲ။" ပြောကာ လင်ချောင်းက ခုံပေါ်က သူမလွယ်အိတ်ကိုယူလိုက်ရင်း ပြန်ဖို့ပြင်နေသည်။


"ခဏနေဦး" ရှောင်းထုလှမ်းအော်လိုက်ပေမယ့် သူမလေးရှက်နေတယ်ဆိုတာတော့ အမူအရာတွေကထင်ရှားနေပါသည်။


လင်ချောင်းက သူမလေးတစ်ခုခုဖြစ်နေတာကို သတိထားမိလိုက်ပြီး သူမအနားလာကာ မေးလိုက်သည်။


"မင်းဘာဖြစ်တာလဲ။ တစ်ခုခုအဆင်မပြေဖြစ်နေတာလား။"


ရှောင်းထုလေးက နှုတ်ခမ်းလေးကိုကိုက်လိုက်သည်။ သူမ သူ့ကိုဘယ်လိုပြောပြရမလဲမသိဘူး။

ယုန်ကလေးရဲ့နားခိုရာမြက်ခင်းစိမ်းလေးWhere stories live. Discover now